အခန်း (၂၂၃) – စိတ်ပြောင်းသွားကြတာလား
ကျိုးချင်းပိုင်သည် ကျောင်းပြန်မဖွင့်မီ စက်တင်ဘာလတွင် မြူနီစီပယ်မြို့သို့ သွားမည် ဖြစ်သည်။
ဒီတစ်ခါမှာတော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို ပြန်ဝယ်လာခဲ့သည်။ ဒါတစ်ခါ အသုံးပြုဖို့ ဝယ်ပြီးရင် ဒီနှစ်အတွက် နောက်တစ်ခါ ထပ်သွားဝယ်ဖို့ မလိုတော့ဘူး။
ထိုနေ့ မနက်စောစောတွင် လင်းချင်းဟယ်သည် ကျိုးချင်းနောက်မှ လိုက်ပါသွားခဲ့သည်။ကျိုးချင်းပိုင်သည် အလွန်ကူကယ်ရာမဲ့သလို ခံစားရသည်။ သူ့ဇနီးသည်ထံမှာ တခြားအစီအစဥ်တွေရှိမယ်မှန်း သူ သိပေမယ့် သူမကတော့ သူ့ကို မပြောပြခဲ့ပါဘူး။ သူမ သူ့နောက်သို့ လိုက်လာတယ် ဆိုကတည်းက သူမ သူ့နောက်မှာပဲ ကပ်ပါနေရမည်။ သူ သူမကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမှာ မဟုတ်ဘူး။
မြူနီစီပယ်မြို့သည် ခရိုင်မြို့နှင့် မယှဥ်နိုင်ပေ။ မကြာသေးမီက အဓိကရုဏ်းအချို့ ဖြစ်ပွားခဲ့သည်။
ဤသည်မှာ ဒီခေတ်အချိန်ခါ၏ ဝသေသလက္ခဏာများ ဖြစ်ပြီး ရံဖန်ရံခါဆိုသလို လှိုင်းတံပိုးများ ရှိလိမ့်မည်။
“ရှင့်ကိစ္စကို ရှင် သွားလုပ်ပါ။ ကျွန်မတို့ နေ့လည်ရထား ပြန်စီးဖို့ ဒီမှာ တွေ့ကြမယ်လေ။” သေချာပေါက် သူ့ဇနီးသည်က ဘူတာရုံကို ရောက်တာနဲ့ လမ်းခွဲသွားဖို့ စီစဥ်ခဲ့သည်။
“ကိုယ့်နောက်က လိုက်ခဲ့။” ကျိုးချင်းပိုင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
နှစ်ပေါင်းများစွာ အိပ်ရာတစ်ခုထဲကို အတူတူမျှဝေသုံးစွဲပြီးတဲ့နောက်မှာ သူက သူ့ဇနီးသည်၏ ဒေါသကို သိရှိခဲ့သည်။ မြို့ထဲရောက်တာနဲ့ နာခံမှုရှိစွာဖြင့် သူ့နောက်သို့လိုက်ပါပြီး သူ့ပြောစကားကို နားထောင်ဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်ပါ့မလဲ။
ဟုတ်ပါတယ်၊ လင်းချင်းဟယ်က နာခံဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူမ ဒီကို လာတာ အချည်းနှီးဖြစ်သွားလိမ့်မယ်လို့ ဆိုလိုတာပဲ မဟုတ်ပါလား။ ရထားစီးရတဲ့ အနံ့အသက်က လုံးဝ မကောင်းပါဘူး။