အခန်း(၃၈၉) - ကိုယ်ဝန်ဆောင်သတင်း
နေရာလွတ်ထဲမှ ထရပ်ကားကြီးတစ်စီးဖြင့်ပင် ငွေဘယ်လောက်တောင်ရှိနေပြီလဲ။
နောက်ဆုံးတွက်ချက်ပြီးသွားသည့်နောက် ဒီထရပ်ကားနှင့် အခြားကြီးမားသော ကုန်ပစ္စည်းများကို ယခုနှစ် ပြန်လည်ရောင်းချပြီးသည့်အခါ သူတို့ ရရှိခဲ့သည့်အရာများဖြစ်သည်။
ထို့အပြင် ပေကျင်းတွင် အလေးအနက်ထား၍ စီးပွားရေးလုပ်ရာမှ ရရှိသောငွေများအပြင် ယွမ်ထောင်ပေါင်းများစွာ ကျန်ရှိနေသေးသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ မှောင်ခိုစျေးသို့ လျှောက်ကြည့်ရန် လာခဲ့ခြင်း ဖြစ်သည်။
လင်းချင်းဟယ်က ရွှေတချို့လည်း စုထားချင်သေး၏။ ဤကာလက စီးပွားရေး ပြန်လည် ပြုပြင်နေသော ကာလဖြစ်သော်လည်း စျေးကွက်ပေါ်တွင် ရွှေများ စတင်ပေါ်လာကြပြီဖြစ်သည်။
အတော်လေး တန်ဖိုးကြီးရှိပါသည်။သို့သော်လည်း ကုန်ဖလှယ်ခြင်းအား စျေးကွက်ထဲတွင် ခွင့်မပြုထားပါ။ ကုန်ဖလှယ်ချင်ပါက သီးသန့်လုပ်ရသည်။ ဤနည်းလမ်းဖြင့် အကျိုးအမြတ်လည်း ရနိုင်မည်ဖြစ်သည်။
သူတို့ ပန်းတိုင်က ရွှေဝယ်ဖို့ ဖြစ်သော်လည်း တိုက်ဆိုင်မှုများက အံ့သြဖွယ် ရောက်လာတတ်သည်။
မြူနီစီပယ် မှောင်ခိုစျေးကွက်ထဲတွင် တာ့ယွမ်ထုန်က မထင်မှတ်ဘဲ ပေါ်လာခဲ့သည်။
ဤတာ့ယွမ်ထုန်ဆိုသည်မှာ တရုတ်ပြည်သူ့သမ္မတကာလက အသုံးပြုခဲ့သော ငွေကြေးဖြစ်သည်။ လင်းချင်းဟယ်က အခြားပစ္စည်းများ စုဆောင်းပြီးပြီဖြစ်သော်လည်း အခုထိ ထိုအရာကိုတော့ မစုဆောင်းရသေးပါ။
စုစုပေါင်း တာ့ယွမ်ထုန် စုစုပေါင်း ဆယ်ပြားရှိပြီး အားလုံးကို သေသေချာချာ ထိန်းသိမ်းထားသည်။ သို့သော်လည်း စျေးတော့ မနည်းပေ။ တာ့ယွမ်ထုန် တစ်ပြား ရောင်းစျေးက ယွမ် ၄၀ ဖြစ်သည်။
ဆယ်ပြားဆိုလျှင် ယွမ် ၄၀၀ ဖြစ်သည်။
"အဲ့ဒီရှေးဟောင်းပစ္စည်းတွေကို စုဆောင်းတာက အပြင်ဘက်မှာ တော်တော်လေး ရေပန်းစားလာပြီနော်။ အဲ့တာတွေကို ဦးဦးဖျားဖျား စုထားလိုက်။ နောက်ပိုင်းကျရင် သေချာပေါက် တန်ဖိုးကြီးလာလိမ့်မယ်။" ဟု လူငယ်လေးက တီးတိုးပြောလိုက်သည်။