အခန်း (၂၀၇) - မအေးတော့ဘူး။
ကျိုးချင်းပိုင်က ပျော်ရွှင်နေသည်။ လတ်တလောမှာ သူက စိတ်ကျေနပ်စေဖို့ အကြောင်းအရာတွေနဲ့ စိတ်ကျေနပ်နေခဲ့သည်။ သူ့မိဘတွေက ကျန်းမာနေသည်။ ညီအစ်ကိုအချင်းချင်း ဆက်ဆံရေးကောင်းနေ၏။ သိမ်မွေ့သောဇနီးရှိကာ တွေးတောတတ်ပြီး ကျန်းမာသန်စွမ်းသော ကလေးများ ရှိသည်။ယောက်ျားတစ်ယောက်အတွက် ဤထက်ပိုသည့် ပြည့်စုံမှု ရှိပါအုံးမည်လော။
သူ့၌ရှိသော အရာရာတိုင်းကို သူ့ဇနီးက ပေးခဲ့ခြင်း ဖြစ်သည်။ သူက သူမကို ကျေးဇူးတင်ပြီး ပွေ့ဖက်ထားလိုပေသည်။
သူက အတင်းအကျပ် လုပ်ချင်နေတာကို လင်းချင်းဟယ်က ရှားရှားပါးပါး မြင်တွေ့လိုက်ရသည်။ သူမက သူ့လည်တိုင်ကို ပွေ့ဖက်လိုက်ပြီး ပြုံးလျက် ပြောသည်။ “ဘာဖြစ်တာလဲ၊ လောင်စန်းဆီက သင်ထားတာလား”
ကျိုးချင်းပိုင်က သူ့ဇနီး၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ယင်းက သူ့အတွက် တွယ်တာမှု အပြည့်ရှိနေ၏။ သူ့နှုတ်ခမ်းစွန်းက အနည်းငယ် မြင့်တက်သွားသည်။
သည်လူက အမြဲတမ်း ကြမ်းတမ်းလေ့ရှိသော်လည်း ယင်းက အိမ်အပြင်မှာသာ ဖြစ်သည်။ သူ အိမ်ပြန်လာသောအခါ သူ့အိမ်မှ နွေးထွေးမှုကို သူ နှစ်သက်သည်။
လင်းချင်းဟယ်က ဤကိစ္စများတွင် ဘယ်တုန်းကမှ တွန့်တိုခြင်းမရှိပေ။
သူသည် အိမ်အပြင်၌ မည်မျှ ပင်ပန်းလာပါစေ ကိစ္စမရှိ၊ သူ အိမ်ပြန်ရောက်သောအခါ သူမက သူ့ကို နွေးထွေးမှု အမြဲတမ်း ပေးပေသည်။
ကျိုးချင်းပိုင်က မိသားစုအတွက် အပြင်မှာ စီးပွားရှာပြီး အလုပ်များနေတာကြောင့် သူမသည် သူ စိတ်ပူစရာ မလိုအောင် မိသားစုကို သဘာဝကျကျ ဂရုစိုက်မည် ဖြစ်ပြီး ထိုအတွက် သူ စိတ်ပူရန် မလိုပေ။
မိသားစုကို သူနှင့်သူမ နှစ်ယောက်သား တည်ထောင်ထားခြင်း ဖြစ်တာကြောင့် တာဝန်အကုန်လုံးကို သူ တစ်ဦးတည်း တာဝန်ယူဖို့ မလိုပေ။
ကျိုးချင်းပိုင်သည် လင်းချင်းဟယ်ကို ပွေ့ချီပြီး အနွေးခုတင်ပေါ် တင်လိုက်သည်။ သုံးမိနစ်ကြာ အနမ်းဖြင့် နှုတ်ဆက်သည်။