အခန်း (၃၅၈) - သားကြီး အိမ်ပြန်လာခြင်း
ကျိုးခိုင်က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြန်လာသည်။
သူက မနက်စောစောတွင် ပြန်လာ၏။ လင်းချင်းဟယ်က ထိုအချိန်တွင် အိပ်နေဆဲ ဖြစ်သည်။ သူမ နိုးလာသောအခါ သူက ဧည့်ခန်းဆိုဖာပေါ်တွင် တီဗီကြည့်နေတာကို တွေ့လိုက်ရသည်။
လင်းချင်းဟယ်က အေးခဲသွားပြီးနောက် ထုတ်ပြောလိုက်သည်။ “သားကြီးလား” သူမက သူမသားအကြီးကို အလွန်အမင်း သတိရနေ၍ ကယောင်ကတမ်း ဖြစ်နေသည်လားဆိုတာ မသေချာပေ။
“အမေ” ကျိုးခိုင်က မျက်ခုံးပင့်လိုက်ပြီး နှုတ်ဆက်သည်။
အာ။ သူက ရုတ်တရက် ပြန်လာသည်။ သူမ အိပ်မက်မက်နေခြင်း မဟုတ်ပေ။
လင်းချင်းဟယ်က သူမသားကြီးဆီသို့ လျှောက်သွားပြီး သူ့ကို ကြည့်လိုက်ကာ ပြောသည်။ “မင်း ဘာလို့ အသားမည်းသွားရတာလဲ။”
ကျိုးခိုင်၏အသားအရေက အလွန်နက်မှောင်သွား၏။ ပုံပန်းသဏ္ဌာန်ကလည်း အတော်လေး နက်သွားသည်။ ဆောင်းရာသီအတွင်း သူ့အသားနက်နက်က မလျော့သွားချေ။ နက်နေဆဲ ဖြစ်သည်။
သို့သော် ဆိုရလျှင် သူ့တစ်ကိုယ်လုံးက အင်အားများ ပြည့်ဝနေ၏။“လေ့ကျင့်ခန်းတွေကြောင့်လေ။” ကျိုးခိုင်က လိုတိုရှင်းပြောသည်။
လင်းချင်းဟယ်က နားလည်သွားပြီး မေးလိုက်သည်။ “မင်း မနက်စာ စားပြီးပြီလား။ မင်းအဖေကရော မင်း ပြန်လာတာ သိလား။”“ကျွန်တော် မပြန်လာခင်တုန်းက ဖက်ထုပ်ဆိုင်ကို သွားပြီးပြီ။” ကျိုးခိုင်က ခေါင်းညိတ်ပြီး ပြန်ပြောသည်။
“အဘိုးတို့ဆီ မသွားခင် အမေ့ကို တွေ့ဖို့ စောင့်နေတာ။”
“ဒါဆို သွားလေ။ ငါ မင်းနေ့လယ်အတွက် ဝက်အူထဲ ကြက်သားအစာသွပ်ဟင်းလေး ထပ်ချက်လိုက်ဦးမယ်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးခိုင်က ပျော်သွား၏။ ဖက်ထုပ်ဆိုင်တွင် သူ့ညီများပြောသော သူ့အမေက ဒီရက်တွေအတွင်း သူ့ကို သတိရနေကြောင်း နေ့တိုင်း ပြောတာကို ကြားပြီးဖြစ်သည်။ ယခု သူ ပြန်လာအခါ သူမက သူ့ကို ရတနာလေးလို ဆက်ဆံနေ၏။