အခန်း (၃၅၉) - ဝိန်မေ့ကျား
အဘွားဟူက အဘွားကျူး၏နေရာသို့ ရောက်သောအခါ သူက ယင်းကို ပြောပြလိုက်သည်။
အမျိုးသမီးကျူးက အံ့အားသင့်သွားသည်။ “တကယ်ကြီး ဒီလောက် ထူးချွန်းတာလား။”
“ဒါပေါ့ အမှန်ပဲ။ လူအိုကြီးရဲ့စိတ်ကိုလည်း မင်းသိသားပဲ။ သူ့မျက်လုံးထဲ လူအများကြီး မရောက်နိုင်ဘူး။ သူက သူ့ကို တစ်ကြိမ်မြင်ရုံနဲ့ ချီးကျူးတာကို မရပ်နိုင်တော့ဘူးလေ။” ဟု အမျိုးသမီးဟူက ပြန်ပြော၏။
၎င်းကို ကြားတော့ အမျိုးသမီးကျူး၏စိတ်က လှုပ်ရှားသွားတော့သည်။
သူမတွင် အကြီးဆုံးမြေးမလေးရှိသည်။ သူမက ရိုးသားသောလူဖြစ်၏။ သည်နှစ်တွင် ၁၈နှစ်ရှိပြီဖြစ်ပြီး နှစ်ကူးတွင် ၁၉နှစ်ရှိမည် ဖြစ်သည်။
“နောက်ဆုံးတစ်ခေါက်တုန်းက ရှောင်မိန်ရဲ့အမေက သူ့မြေးအကြီးဆုံးအသက် ဘယ်လောက်ရှိပြီလို့ ပြောတာလဲ။” ဟု အမျိုးသမီးကျူးက မေးမြန်းသည်။
“ဆယ့်ခုနှစ်၊ ဒီနှစ်ပြီးရင်တော့ ဆယ့်ရှစ်နှစ်” အမျိုးသမီးဟူက ဖြေသည်။ သူမသည် ထိုလူငယ်လေးက အတော်လေးကောင်းမွန်သည်ဟု ခံစားရ၏။ “ဆယ့်ရှစ်တောင်မရှိသေးဘဲနဲ့ ၁.၉မီတာ (၆ပေ ၂လက်မ) ရှိလုနီးပါး ဖြစ်နေပြီ။”
“ဒါက အတော်လေး အရပ်ရှည်တယ်။” အမျိုးသမီးကျူးက မျက်လုံးလှန်သွားပြီး ပြောလိုက်သည်။
အမျိုးသမီးဟူက အတော်လေး ပါးနပ်သောလူ ဖြစ်သဖြင့် သူမသည် သူမ၏အမူအရာအရ ဘာတွေးနေသည်ကို သိနိုင်သည်။ တကယ်တမ်းတွင် သူတို့က အိမ်နီးချင်းဖြစ်တာ ဘယ်လောက်တောင် ရှိနေပြီလဲ။ တစ်ဖက်မိသားစု အခြေအနေကို တစ်ဖက်က ရင်းနှီးသည်။
အမျိုးသမီးကျူးတွင် လက်ထပ်ဖို့ အရွယ်ရောက်နေသည့် အကြီးဆုံးမြေးမလေးရှိသည်။ ဆယ်ယောက်မှာ ကိုးယောက်က ကျိုးမိသားစုဟောင်း၏ အကြီးဆုံးမြေးကို သူမက မျက်စိကျပေမည်။
ယင်းက မဖြစ်နိုင်ဟု သူမ ခံစားမိသော်လည်း အမျိုးသမီးဟူက ဘာမှမပြောပေ။
ကျိုးမိသားစုဟောင်းက လူစိမ်း(မြို့တော်ကလူမဟုတ်) ဖြစ်သော်လည်း သူတို့၏ချွေးမက စွမ်းဆောင်ရည်ရှိသည်။ သူမသည် ပေကျင်းတက္ကသိုလ်၏ နိုင်ငံခြားဘာသာစကား ဆရာမ ဖြစ်ပြီး မိသားစုကို တက္ကသိုလ်မှ အဆက်အသွယ်ဖြင့် ရွေ့ပြောင်းခဲ့သည်။