Chapter-282

2.4K 255 0
                                    

အခန်း (၂၈၂) - အရှက်ကင်းမဲ့ခြင်း

“အဲဒါမှန်တယ်။ ဒီလိုအေးတဲ့နေ့တွေမှာ ဂွမ်းစောင်တွေကို ယူသွားရမယ်။ တကယ်လို့ ပြန်ဝယ်မယ်ဆိုရင် ငွေအများကြီးကုန်လိမ့်မယ်။ နောက်လည်း နောက်ကျနေပြီ” ဒုတိယအစ်မက ဖျောင်းဖျသည်။

“အဆင်ပြေပါတယ်။ ကျွန်မ ဟိုမှာ အားလုံး ပြင်ဆင်ထားပြီးသား၊ ဝင်ပြီး သုံးရုံပဲ” လင်းချင်းဟယ်က အာမခံလိုက်သည်။

“အစ်မ ဒါက ငါ့မိန်းမက  ယောက်ဖနဲ့ တူလေးတွေအတွက် လုပ်ပေးလိုက်တဲ့ ပန်ကိတ်။ သိမ်းထားပြီး နောက်မှစားလိုက်” တတိယမောင်လေးလင်းက အိတ်ငယ်လေးကို လွှဲပေးရင်း ပြောသည်။

“မင်းတို့ တွေးပေးလို့ ကျေးဇူးပါပဲ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။

တတိယမောင်လေးလင်းက ပြောသည်။

“ဒါဆို ငါ အရင်ပြန်နှင့်ပြီ” ဟု ပြောပြီးနောက် စက်ဘီးနင်းပြီး ထွက်သွားတော့သည်။ လမ်းတစ်ဝက်သို့ ရောက်သည်တော့ သူက ရပ်လိုက်ပြီး အော်ပြောလာသည်။

“အစ်မ အိတ်ရဲ့အောက်ကို တစ်ချက်ကြည့်ကြည့်..” ဟု ပြောပြီးသည်နှင့် သူက စက်ဘီးနင်းပြီး ထွက်သွားတော့သည်။

လင်းချင်းဟယ်က အောက်ခြေကို မြန်မြန် စစ်ဆေးကြည့်လိုက်သည်တွင် ယွမ် ၅၀ကို တွေ့လိုက်ရသည်။

အကြီးဆုံးအစ်မ၊ ဒုတိယအစ်မနှင့် တခြားသောမရီးများကလည်း အားလုံးကို မြင်လိုက်ရသည်။

“ဒီကောင်စုတ်လေးကတော့..” လင်းချင်းဟယ်က ပြုံးလျက် မှတ်ချက်ပြုသည်။ သူမသည် အစက သူမမောင်လေး ထွက်သွားသည်ကို အခွင့်ကောင်းယူပြီး ထိုမရီးများရှေ့တွင် တမင်ထည့်လိုက်သော ငွေများကို ထုတ်ယူပြရန် စီစဉ်ထားသည်။ မထင်မှတ်ထားဘဲ သူမမောင်လေးက အမှန်တကယ်ပင် ငွေများ ထည့်ထားခဲ့သည်။

သူမက ငွေထုတ်ယူရန် အချိန်မရလိုက်ပေ။ သူမမောင်လေးက အားလုံးကို ပေးထားပြီးဖြစ်သည်။

သူမ စက်ဘီးဝယ်စဉ်က ငွေအများကြီး ကုန်ခဲ့သည်။ သို့သော် နှစ်များစွာ ကြာပြီးနောက် ထိုမျှ မတန်တော့ချေ။

၁၉၆၀ ခုနှစ်များဆီသို့ (ဒုတိယတွဲ)Where stories live. Discover now