Description

51.1K 2.3K 70
                                    

Zawgyi

ရှန်ချင်းရှုတစ်ယောက် အသက်(22)နှစ်အရွယ်မှာပဲ မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားခဲ့တယ်။ သူ့ရဲ့အကြီးမားဆုံးသော နောင်တ,တရားကတော့ မသေခင်ဘဝတစ်လျှောက်လုံးကို တစ်ကိုယ်တည်းဘဝနှင့်ကုန်ဆုံးခဲ့မိတာကိုပဲ။ သူက ဘုန်းတော်ကြီးတစ်ပါးမဟုတ်တာသေချာပါရဲ့နှင့် အသားနည်းနည်းလေးတောင် မစားခဲ့ဖူးဘူးလေ။

အဲဒီနောက် သူ့ရဲ့မျက်လုံးတွေကိုပြန်လည်ဖွင့်ဟလိုက်တဲ့အချိန်မှာတော့ ယောက်ျားပီသပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပုံရတဲ့ အမျိုးသားတစ်ယောက်က သူ့ဘေးမှာမတ်တပ်ရပ်နေတာကိုမြင်လိုက်ရတယ်။ ထိုယောက်ျားပီသတဲ့အမျိုးသားကပဲ သူ့ရဲ့ပါးလျတဲ့နှုတ်ခမ်းတွေဖွင့်ဟပြီး မေးခွန်းထုတ်လာတယ်။

" one night stand တစ်ယောက်လောက်လိုချင်လား "

ရှန်ချင်းရှုကလည်း တုံ့ဆိုင်းခြင်းလုံးဝမရှိပါဘဲ အလျှင်အမြန်ဖြေလိုက်တယ်။

"လုပ်ရအောင် ! နှစ်ခေါက်လောက်!"

နောက်နေ့မနက်မှာတော့ ရှန်ချင်းရှုတစ်ယောက် နာကျင်ကိုက်ခဲမှုတွေနဲ့ နှိုးထလာခဲ့တယ်။ သူမှတ်မိတဲ့တစ်ခုတည်းသောအရာကတော့ သူစာအုပ်တစ်အုပ်ထဲသို့ ဝိဥာဉ်ကူးပြောင်းလာခဲ့တယ်ဆိုတာကိုပဲ။ သူ့ရဲ့ဘေးမှာရှိပြီး သူနဲ့နှစ်ကြိမ်တိုင်တိုင် အချစ်ကိစ္စတွေလုပ်ခဲ့တဲ့သူက အဓိကဇာတ်လိုက် ဟန်ချောင်(gong) ဖြစ်ပြီး ဟန်လုပ်ငန်းစုရဲ့ဒုတိယမြောက်သားပဲ။

နောက်ပြီး သူရောက်ရှိနေတဲ့ခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်ကတော့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တတ်တဲ့ မနှစ်မြို့ဖွယ်ရာ အမြှောက်စာခံဇာတ်ကောင်လေးပဲဖြစ်တယ်။

ရှန်ချင်းရှု : ..... ကောင်းပြီ၊ ဒါက ဘယ်လို သောက်ကျိုနည်းဖြစ်ရပ်မျိုးလဲ

သို့ပေမယ့် ရှန်ချင်းရှုအနေနဲ့ကတော့ သိပ်ပြီးကြောက်လန့်တာမျိုးမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူကအမြှောက်စာခံဇာတ်ကောင်လေးပဲလေ။ ရက်အနည်းငယ်လောက်ပဲ ထည့်သွင်းဖော်ပြခံရမှာပါ။

သူ့ရဲ့ဇာတ်ကောင်က အသုံးချခံတစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတိုးတက်စေဖို့ပါဝင်ပေးရတဲ့ ဇာတ်ကောင်လေးတစ်ခုသာသာပဲဆိုတာ သူသိပြီးသားပဲလေ။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now