Chapter (18) ရှန်ချင်းရှု ခေါင်းကိုပြန်လှည့်ပြီး သူ့ကိုနမ်းလိုက်တယ်

8.9K 1.3K 55
                                    

Zawgyi


[နောက်ဆုံးမှာတော့ ချောင်ဟန်ရဲ့ဆန္ဒတွေပြည့်ဝသွားပြီး ဆုချင်းနဲ့ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုကို ခိုင်မြဲစေနိုင်ခဲ့တယ်။ သို့ပေမယ့် ဆုချင်းကတော့ ခေါင်းမာစွာနဲ့ ညလုံးပေါက်နေဖို့ကိုငြင်းဆန်နေဆဲပဲ။ သူက ညှာတာမှုကင်းမဲ့စွာနဲ့ ညနေ(6)နာရီမတိုင်ခင်မှာ မောင်းနှင်မှုကိုအဆုံးသတ်လေ့ရှိတယ်။

ချောင်ဟန်အနေနဲ့ကတော့ လုံလောက်တဲ့အထိစိတ်ကျေနပ်မှုမရတဲ့အတွက် ဆုချင်းကို သူ့အိမ်သို့ပြောင်းလာဖို့ပြောပေမယ့် ဆုချင်းက လက်မခံခဲ့ဘူးလေ။

သည်းမခံနိုင်တဲ့အဆုံးမှာတော့ ချောင်ဟန်တစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ ဆုချင်းအကြောင်းကိုစုံစမ်းကာ ဆုချင်းရဲ့အိမ်နားကိုပြောင်းနေဖို့အစီအစဉ်ဆွဲတော့တယ်။

ထိုစုံစမ်းမှုမှသိရတဲ့အချက်တစ်ခုက ချောင်ဟန်ကို တော်တော်ကြီးထိတ်လန့်စေခဲ့တယ်။

ဆုချင်းမှာကလေးနှစ်ယောက်ရှိနေတယ်တဲ့လေ!!!

ဒီတော့ သူဆုချင်းကို မူကြိုကျောင်းနားမှာတွေ့ခဲ့တုန်းက သူ့ကလေးတွေကိုကျောင်းလိုက်ပို့နေခဲ့တာပေါ့? ဆုချင်းက သူ့လိုမျိုးအလုပ်များတဲ့လူတွေရဲ့ကလေးတွေကိုကူညီပြီးလိုက်ပို့ပေးတာလို့သူထင်ခဲ့တာ!

ချောင်ဟန် ဒေါသတကြီးနဲ့ ဆုချင်းကိုသွားတွေ့ပြီး လိမ်ညာလှည့်ဖြားသူတစ်ယောက်လိုပြောဆိုလိုက်တယ်။

"မင်းမှာကလေးနှစ်ယောက်တောင်ရှိတယ်ပေါ့! မင်းက လက်ထပ်ထားတာလား!"

ထိုစကားကိုကြားတော့ သူဖုံးကွယ်ထားခဲ့တဲ့ကလေးနှစ်ယောက်ကိစ္စကို ချောင်ဟန်သိရှိသွားပြီဆိုတာ ဆုချင်းနားလည်လိုက်တယ် ။ သူ့ရဲ့နှလုံးသားတွေက ပြာယာခတ်ပြီး လှုပ်ရှားတုန်ယင်နေပေမယ့် မျက်နှာကတော့တည်ငြိမ်နေတုန်းပဲ။

"ကလေးနှစ်ယောက်ရှိတာက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ"

"အဲဒါက အဆင်ပြေတယ်ပေါ့"
ချောင်ဟန် ထိတ်လန့်မှုထဲမှာနစ်မြုပ်နေတုန်းပဲ။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now