Zawgyi
မင်းကိုယ့်ကိုမကြိုက်ဘူးလား?
"ခင်ဗျားရဲ့အိမ်ကို?"
“ဒါမှမဟုတ် မင်းအိမ်ကိုပြန်မှာလား?"
ဟန်ချောင် ရှန်ချင်းရှုကိုလှည့်ကြည့်ပြီး မေးလိုက်တယ်။" မင်းမှာပိုက်ဆံလည်းမရှိသလို အိမ်ကိုလည်းမပြန်ချင်ဘူးလေ ..မင်းအနေနဲ့ ဟိုတယ်မှာပဲ နေ့တိုင်းနေလို့မရဘူး တကယ်လို့ကိုယ်မင်းကို ပိုက်ဆံချေးလိုက်မယ်ဆိုရင်တောင် အချိန်ခဏလောက်နေဖို့ပဲ ဖြစ်နိုင်မှာ ..ဟုတ်တယ်မလား"
ဒါအမှန်ပဲ ။
ရှန်ချင်းရှု မတိုင်မှီတုန်းကတွေးထားခဲ့တာက တကယ်လို့ဟန်ချောင်သာ သဘောမတူခဲ့ရင် သူအလုပ်တစ်ခုလောက်ရှာပြီး ပိုက်ဆံစုမယ် ၊ပြီးရင်နေစရာအိမ်တစ်လုံးလောက်ငှားမယ်ဆိုပြီးတော့ပေါ့ ။ သူ့ရဲ့ရုပ်ရည်နဲ့ဆို ငတ်ပြီးတော့သေတာမျိုးတော့ မဖြစ်လောက်ပါဘူး။ ဟန်ချောင်သာ မကူညီခဲ့ရင် သူ တိုက်ရိုက်ထုတ်လွှင့်တာမျိုး လုပ်နိုင်သေးတယ်လေ!။
ဒါပေမယ့် အခုတော့ ဟန်ချောင်ကသူ့ကို သူ့ရဲ့အိမ်ကိုခေါ်သွားချင်နေတယ်တဲ့။ ဘယ်လောက်တောင်အံသြစရာကောင်းလိုက်သလဲ။
သူ့အနေနဲ့ ဟန်ချောင်ကသူ့အပေါ်မှာဆိုးရွားတဲ့ရည်ရွယ်ချက်မျိုးရှိမှာကိုစိတ်မပူပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကြီးက အဓိကဇာတ်လိုက်(Gong) ပဲလေ။* အဲဒီနေ့တွေမှာ ထိုဇာတ်လိုက်ကောင်က သင်ခန်းစာငါးခု ၊ အလှအပ လေးခုနဲ့ အချစ်သုံးခုတွေရှိနေတဲ့လူပဲ*။ သူက နိယာမနဲ့ဆန့်ကျင်တာမျိုးတွေလုပ်ခဲ့ရင်တောင် လူကုန်ကူးတာမျိုး၊ ပြန်ပေးဆွဲတာမျိုး၊ ချိန်းခြောက်ငွေညှစ်တာမျိုးတွေတော့ မလုပ်လောက်ဘူးမလား။ မဟုတ်ရင် ဒီနိုဗယ်က ဆင်ဆာအဖွဲ့ကိုကျော်ဖြတ်နိုင်ခဲ့မှာမဟုတ်ဘဲ သူ့ရဲ့လက်ထောက်ဖြစ်သူတစ်ယောက်တည်းကသာ(author ရဲ့လက်ထောက်)ဖတ်လိုက်ရတာမျိုးဖြစ်သွားလိမ့်မယ်။
(ET/n_ သင်ခန်းစာငါးခု ၊ အလှလေး လေးယောက်နဲ့ အချစ်သုံးခုဆိုတာက 1980အစောပိုင်းလောက်တုန်းက တရုတ်ပြည်မမှာ ကြေညာခဲ့တဲ့ နိုင်ငံရေးဆိုင်ရာပို့ချမှုနဲ့လူထုလှုပ်ရှားမှုအခြေခံသဘောတရားတွေထဲကစာသားပါတဲ့။ သင်ခန်းစာငါးခုဆိုတာက ယဉ်ကျေးမှု ၊ သိမ်မွေ့နူးညံ့မှု၊ ရောဂါကင်းစင်ရေးနှင့်တစ်ကိုယ်ရည်တစ်ကာယသန့်ရှင်းရေး၊ အမိန့်အာဏာနှင့် ဂုဏ်သိက္ခာရှိမှု တို့ဖြစ်ပြီး အလှအပလေးခုဆိုတာကတော့ စိတ်ထားအလှ ၊ဘာသာစကားအလှ၊ ကိုယ်ကျင့်တရားအလှနဲ့ ပတ်ဝန်းကျင်လှပမှုတို့ဖြစ်ပါတယ်။ နောက်ကျန်ရှိနေတဲ့ ချင်ခင်စွဲလမ်းမှုသုံးခုကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကိုချစ်မြတ်နိုးရမယ်၊ ဆိုရှယ်လစ်မူဝါဒကိုချစ်မြတ်နိုးရမယ်၊ တရုတ်နိုင်ငံရဲ့ကွန်မြူနစ်ပါတီကိုချစ်မြတ်နိုးရမယ် ဆိုတာတွေပါတဲ့။
ရှန်ချင်းရှုက သူတို့နိုင်ငံရဲ့ ဆင်ဆာရှစ်စနစ်အကြောင်း ကောင်းကောင်းကြီးသိထားလို့ အဓိကဇာတ်လိုက်ဟန်ချောင်က အဲလိုကာရိုက်တာမျိုးဖြစ်မယ်ဆိုတာ သံသယမရှိယုံထားတာပါ)
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer