(127)part (1)

1K 172 0
                                    

127(part_1)

ကားနတ်ဘုရားရဲ့ ကျေးဇူးတင်ကြောင့် ရှန်ချင်းရှုရဲ့ ဝတ္ထုအသစ်က ထောက်ခံချက်ပြုပေးထားတဲ့ ရှေ့ဆုံးစာမျက်နှာရဲ့ ထပ်ဆုံးကိုရောက်ရှိသွားခဲ့ပြီ။ ဒါကြောင့်ပဲ နောက်ထပ်စာဖတ်သူအသစ်တွေကို အောင်မြင်စွာဆွဲဆောင်နိုင်ခဲ့တယ်။

ရှန်ချင်းရှုတစ်ယောက် ကောမန့်ဧရိယာထဲမှာ စာဖတ်သူအသစ်တွေက လူသတ်သမားရဲ့နည်းလမ်းတွေကို ခန့်မှန်းဆွေးနွေးနေကြတာကို တွေ့မြင်လာရတယ်။ တစ်ဖက်မှာတော့ သူတို့ရဲ့ခန့်မှန်းချက်က မှားယွင်းနေကြောင်းကို စိတ်ထဲမှ ခိုးပြီးငြင်းဆန်နေကာ စာဖတ်သူတွေကိုတော့ ဘာမှပြန်မပြောခဲ့ဘူး။ တစ်ဖက်မှာတော့ သူက ပျော်ရွှင်စွာနဲ့ ထောင်ချောက်ကျင်းတွေ ထပ်ဖြည့်ပြန်တယ်။

ဟန်ချောင်ကတော့ သူ့ရဲ့ ဝတ္ထုအသစ်နောက်ကိုလိုက်ရင်း ရှန်မိသားစုနဲ့အတူ ရှန်ချင်းယွီကိုချက်ပြုတ်ဖို့ ကူညီပေးနေခဲ့တယ်။

ရှန်ချင်းယွီ မူလတုန်းက တွေးထားတဲ့အတိုင်းဆိုရင် ဖင်းဟွေ့က ဇူလိုင်ကနေသြဂုတ်လကြားလောက်မှာ လုံးဝကိုဒေဝါလီခံသွားရနိုင်တယ်။ ဒါပေမဲ့ သူ စောင့်ပြီးရင်း စောင့်နေတာတောင် သူ့မိဘတွရဲ့မျက်နှာပေါ်မှအပြုံးတွေ ပိုပြီးထင်ရှားတာတာကိုသာ မြင်လာရတယ်။ သူတို့တွေက အဓိကဖောက်သည်တစ်ယောက်အကြောင်းကိုပြောနေကြတဲ့ပုံပဲ။

"ဘာကိစ္စရှိနေလို့လဲ မား.. အရမ်းပျော်နေသလိုပဲ"
သူ သူ့အမေကိုမေးကြည့်လိုက်တယ်။

ရှန်မားမားက ပြုံးပြလာတယ်။

"ဘာမှမရှိပါဘူး.. ဘာမှမရှိလို့ ပျော်နေတာလေ"

"မား ဘာကိုပြောချင်တာလဲ"

"အရင်တုန်းက ကုမ္ပဏီမှာ  တစ်ခုခုမှားနေခဲ့တာလေ.. ဒါကြောင့် မင်းအဖေနဲ့ ငါ့ကို စိတ်ပူစေတယ်.. နောက်တော့ မင်းရဲ့အဖေက သူ့ကိုကူညီပေးဖို့ သူငယ်ချင်းတစ်ယောက်ကိုရှာတွေ့ခဲ့တယ်လေ.. ဒါကြောင့် ကုမ္ပဏီက ပြန်ပြီးနလန်ထူလာနိုင်ပြီ.. အခုဘယ်လိုအမှားအယွင်းမှ မရှိတော့ဘူး"

ရှန်ချင်းယွီ ထိုစကားကိုကြားတော့ ရှော့ရသွားတယ်။

"ဘယ်လိုသူငယ်ချင်းမျိုးလဲ.. ပါးဆီမှာ အဲလောက်အင်အားကြီးတဲ့ သူငယ်ချင်းမျိုးရှိတာလား"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now