Zawgyi
ဒီနေ့ညကို မင်းဘယ်တော့မှမမေ့နိုင်အောင် ငါသေချာပေါက်လုပ်ပေးမယ်
ယနေ့မှာတော့ သာမာန်လူသွားလမ်းတစ်ခုသာဖြစ်တဲ့ ယုံချောင်လမ်းမပေါ်မှာ ငယ်ရွယ်တဲ့မိန်းကလေးတွေ မရေမတွက်နိုင်လောက်အောင်အများအပြား စုဝေးလျှက်ရှိနေခဲ့တယ်။
နောက်ဘက်မှာရှိနေတဲ့မိန်းကလေးတွေကလည်း သူတို့ရဲ့လည်ပင်းကို တတ်နိုင်သမျှဆန့်တန်းကာ အရှေ့ကိုမျှော်ကြည့်နေကြတဲ့ပုံပဲ။ မကြာခင်မှာပဲ အရှေ့ဘက်မှမိန်းကလေးတွေရဲ့ ထပ်တူညီစွာအော်ဟစ်လာတာကို ကြားလိုက်ရတယ်။
"အရမ်းချောတာပဲ ! ဘာလို့ဒီလောက်တောင်ခန့်ညားနေရတာလဲ !"
ဖြတ်သွားဖြတ်လာတစ်ယောက်က စပ်စပ်စုစုဝင်မေးလိုက်တယ်။
"အလှလေး မင်းတို့ဘယ်သူ့ကိုကြည့်နေကြတာလဲ"
"ရှန်ချင်းရှုလေ"
အနောက်တန်းမှ မိန်းကလေးကပြန်ဖြေပေးလိုက်တယ်။
"ရှင်မသိဘူးလား ဒီနေ့ သူ့ရဲ့မိုဘိုင်းဖုန်းအတွက်ထောက်ခံချက်ကြော်ငြာရိုက်ကူးရေးရှိတယ်လေ""သူလား .. သူက အပြင်မှာရော တကယ်ကြည့်ကောင်းတာလား"
မိန်းကလေးက ချက်ချင်းပဲ video အတိုလေးတစ်ခုကိုဖွင့်ပြလိုက်တယ်။
"တွေ့လား သူကအရမ်းကိုချောတာ ! ဒီလိုအရပ်မျိုး ၊ ဒီလိုမျက်နှာမျိုး ၊ ဒီလိုကိုယ်လုံးကိုယ်ပေါက်မျိုး ဒီကမ္ဘာထဲမှာ သူ့ထက်ကြည့်ကောင်းမယ့်သူမျိုး နောက်ထပ်ရှိနိုင်သေးလို့လား "
ဖြတ်သွားဖြစ်လာလူက သူမရဲ့စကားကိုကြားတော့ ပရိသတ်တွေရဲ့အမြင်ယူဆချက်သက်သက်ဖြစ်မယ်လို့တွေးလိုက်တယ်။ ယနေ့ခေတ်ကျောင်းသားကျောင်းသူတွေက အခုလိုမျိုးတွေဖြစ်ကုန်ပြီ။ သူတို့ရဲ့အိုင်ဒေါကသာ တစ်ကမ္ဘာလုံးမှာအချောမောဆုံးမင်းသားလေးပဲ ဆိုတာမျိုးလေ။ သူမရဲ့အိုင်ဒေါက တခြားလူတွေရဲ့မျက်လုံးထဲမှာ ဘယ်လိုမျိုးဖြစ်နေမလဲဆိုတာ ဘယ်သူသိမှာတဲ့လဲ...
ထိုလူက တွေးတောရင်းနဲ့ ဖုန်းမျက်နှာပြင်ထဲမှ အမျိုးသားကိုငုံ့ကြည့်လိုက်တယ်။ ရုတ်တရက် အရာအားလုံးကရပ်တန့်သွားသလိုပဲ ; သူ့ရဲမျက်နှာ ၊ ခန္ဓာကိုယ် ၊ သူ့ရဲ့သွင်ပြင်စရိုက်လက္ခဏာတွေ!
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer