(66.2)မင်းတို့ရဲ့ ဆက်ဆံရေးက ကောင်းသားပဲကို..

3.4K 620 16
                                    

Unicode

ရှန်မားမား အိမ်ကိုပြန်ရောက်တော့ သူမထက်အရင်ပြန်ရောက်နေတဲ့ ခင်ပွန်းသည်ကိုမြင်လိုက်ရတယ်။ သူက သူမကိုမြင်တာနဲ့ ဟန်ချောင်ရဲ့အကြောင်းကိုမေးလာခဲ့တယ်။

မားမားရှန်ကတော့ ဒေါသတကြီးနဲ့မှားယွင်းခံရသလိုအော်လိုက်မိလေရဲ့။

"မမေးနဲ့တော့! သူတို့တွေလမ်းခွဲလိုက်ပြီတဲ့!!"

"ဘာလို့လဲ"

ရှန်ပါးပါးတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားပြီးတစ်ကိုယ်လုံးတောင့်တင်းသွားတယ်။

" ဟိုတစ်ရက်ကမှ သူတို့တွေအဆင်ပြေနေသေးတာမဟုတ်ဘူးလား.. ဘာလို့လမ်းခွဲလိုက်ရတာလဲ?!"

"ဟန်ချောင်က ရှောင်ရှုအတွက် စံအိမ်တစ်လုံးဝယ်ပေးခဲ့ပေမယ့် ရှောင်ရှုကလက်မခံခဲ့ဘူးတဲ့.. သူက သူ့(ဟန်ချောင်)ရဲ့မိသားစုပိုက်ဆံတွေကိုဖြုန်းတီးနေတယ်ဆိုပြီးသွားပြောလိုက်လို့ ဟန်ချောင်နဲ့စကားများပြီး လမ်းခွဲလိုက်တာ"

"စံအိမ်ကရော"

"ရှောင်ရှုက လက်မခံခဲ့ဘူးလေ!"
ရှန်မားမားပြန်ဖြေလိုက်တယ်။

ရှန်ပါးပါးရဲ့ခေါင်းပေါ်ကို နောက်ထပ်မိုးကြိုးတစ်စင်းပစ်ချလိုက်ပြန်တယ်။

"သူဘာလို့လက်မခံလိုက်ရတာလဲ"

သူ ရှန်မားမားကိုကြည့်ပြီး ခေါင်းကိုက်စွာနဲ့ ထပ်မေးလိုက်မိတယ်။

"ဘယ်လောက်တန်တာတဲ့လဲ"

"မီလီယံတစ်ရာတဲ့လေ"

ရှန်ပါးပါး:....

ရှန်ပါးပါးရဲ့နှလုံးသားက နာကျင်ရုံတင်မကတော့ဘူး။ အပိုင်းပိုင်းအစစဖြစ်အောင် ကွဲကြေသွားခဲ့ပြီ။ ဖန်ထည်ပစ္စည်းလေးလိုပဲ။

သူ တစ်ရာမီလီယံဆုံးရှုံးသွားပြီ!

တစ်ရာမီလီယံတောင်မှလေ!

"ဟန်မိသားစုက တကယ့်ကိုချမ်းသာတာပဲ! သူတို့က အရမ်းကိုသဘောထားကြီးတယ်!"

" အခု ကျွန်မတို့မိသားစု ဘာမှလုပ်လို့မရတော့ဘူး.. ဟန်ချောင်က အနာဂတ်မှာကျွန်မ သူ့ကိုသွားရှာခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ကုမ္ပဏီကို ဝါးမြိုပစ်လိုက်မှာတဲ့.. သူက တကယ့်ကို လူမဟုတ်ဘူး.. ရှောင်ရှုက အနည်းဆုံးသူ့ရဲ့ရည်းစားဟောင်းဖြစ်နေတုန်းပဲကို.. ဒီလိုစကားမျိုးပြောနိုင်သေးတယ်!"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now