124. မီးစပျိုးလိုက်ပြီ / ဟန်ချောင် ရှန်မိသားစုကို အနိုင်ကျင့်ခြင်း

1.4K 209 4
                                    

Unicode

124. မီးစပျိုးလိုက်ပြီ / ဟန်ချောင် ရှန်မိသားစုကို အနိုင်ကျင့်ခြင်း

ဘယ်ဖြစ်နိုင်မှာလဲ!

ဖင်းဟွေ့က သူ့ရဲ့ရတနာလေ။ သူ့အနေနဲ့ သားဖြစ်သူကို ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ လုယူမှာကိုတော့ ဘယ်သူလုပ်တာဖြစ်ဖြစ် ခွင့်မပြုပေးနိုင်ဘူး!

အထူးသဖြင့် သူမသေသေးဘူးလေ!

ရှန်ဖင်းရဲ့ မျက်လုံးက ဒေါသတရားတွေနဲ့ နီရဲလာတယ်။ ဒါက သူပျိုးထောင်ခဲ့တဲ့ သားလိမ္မာလေးတဲ့လား။ သူ မသေခင်မှာ နန်းလုပြီး သူ့ကိုအသေသတ်ချင်နေတယ်!

ရှန်ချင်းယွီ သူနဲ့ ရှုဟွေ့ရဲ့မျက်လုံးအောက်မှာ ယောက်ယက်ခတ်စွာပြေးလွှားနေရင်း အိမ်အတွက် စဥ်းစားတွေးခေါ်ပေးတတ်တဲ့သူတစ်ယောက်လို နေ့တိုင်းဟန်ဆောင်နေခဲ့တာကို သူတွေးလိုက်မိတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ သူက သူတို့ရဲ့ကုမ္ပဏီကို ဘယ်လိုအမြစ်ဖြတ်ချေမှုန်းရမလဲဆိုတာ ရှာဖွေကာ အပြင်လူနဲ့ပူးပေါင်းနေခဲ့တယ်။  သူ့ရဲ့နှလုံးတွေက ရပ်တန့်သွားတော့မလိုပဲ။

ဟန်ချောင်ရဲ့လေသံက တည်ငြိမ်နေပြီး တခြားသူတွေရဲ့ ကိစ္စမှာ ပါဝင်ပတ်သက်မှုပြုရခြင်းအတွက် ပျင်းရိငြီးငွေ့မှုအချို့ပါဝင်နေတယ်။

"အစတုန်းကတော့ ချင်းချင်းရဲ့မျက်နှာကိုထောက်ပြီး ခင်ဗျားတို့ကို ကူညီပေးဖို့တွေးခဲ့သေးတယ်.. ဒါပေမဲ့ ဒီလိိုမျိုး ခင်ဗျားတို့ရဲ့အဖေနဲ့သားအတွင်းရေးပြသနာတွေလို့တော့ ဘယ်သူကတွေးမိမှာလဲ.. ခင်ဗျားတို့ရဲ့မိသားစုအတွင်းရေးမှာတော့ ကျွန်တော်မပါဝင်နိုင်ဘူး .. ဒီတော့ ကျွန်တော် ပြောခဲ့တာကိုမေ့လိုက်တော့"

သူပြောပြီးတာနဲ့ ဖုန်းချလိုက်ကာ ရှန်ဖင်း ဖုန်းပြန်ခေါ်မှာကိုစောင့်နေလိုက်တယ်။

ရှန်ဖင်း ဖုန်းပြန်ခေါ်မယ်ဆိုတာ ဟန်ချောင် သေချာပေါက်သိနေတယ်။

သေချာတာပေါ့။ သူသိပ်မစောင့်လိုက်ရဘူး။ သူဖုန်းချပြီးလို့ တစ်မိနစ်မပြည့်သေးခင်မှာပဲ ရှန်ဖင်းပြန်ခေါ်လာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now