Zawgyi
အန္တရာယ်! ရှန်ချင်းရှုမှာ အန္တရာယ်ရှိနေပြီ!ပြေး!
ဒါကိုမြင်တော့ ကျိုးကျင်းမင်က ခါးကိုင်းပြီး မြွေကိုဖမ်းလိုက်တယ်။ ထိုမြွေလေးက ခေါင်းကိုလှည့်ပြီး သူ့ကိုလှမ်းကိုက်လာတာကြောင့် ကျိုးကျင်းမင် ရှောင်တိမ်းလိုက်ကာ နောက်လက်တစ်ဖက်နဲ့ခေါင်းကိုဆုတ်ကိုင်လိုက်ပြီး လည်မြိုကိုညှစ်ကာ ထိန်းချုပ်နိုင်သွားတယ်။
" ဒါ အလှမွေးထားတဲ့မြွေပဲ မကြောက်နဲ့ အဆိပ်မရှိဘူး"
သူက ခေါင်းပြန်မော့ပြီး ရှန်ချင်းရှုနဲ့ ရှောင်လီတို့ကိုပြောလိုက်တယ်။
"ငါ့မှာ မြွေတွေမွေးထားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတာ ဒါကြောင့် ဒီမြွေကိုသိတယ် သူ့ကို အဖြူရောင်ဧကရီလို့ခေါ်ကြတာ .. ရိုက်ကူးရေးအဖွဲ့သားတွေထဲက တစ်ယောက်ယောက်က မွေးထားပြီး ပိုင်ရှင်သတိမထားမိခင်လွတ်သွားတာဖြစ်နိုင်တယ်"
ရှန်ချင်းရှု ထိုအခါမှ စိတ်သက်သာရာ ရသွားလေတယ်။
"အဆိပ်မရှိဘူးဆိုရင်တော့ တော်ပါသေးတယ်"အမှန်တကယ်တွေးကြည့်မယ်ဆိုရင် ဒီနေရာမှာရှိနေတဲ့မြွေမှာ ဆယ်ပုံမှာကိုးပုံလောက်က အလှမွေးထားတာပဲဖြစ်နိုင်တယ်လေ။ သူက ရုတ်တရက်ပေါ်ထွက်လာတဲ့မြွေကြောင့် အကြောက်လွန်သွားပြီး စဉ်းစားချိန်မရလိုက်တာ။
"ဒါဆို ကျွန်တော်သွားပြီး ပိုင်ရှင်ကိုလိုက်မေးသင့်လား မဟုတ်ရင် ပိုင်ရှင်က ပျောက်သွားမှန်းသိသွားတဲ့အချိန် စိတ်ပူနေလိမ့်မယ်"
"အမ်.. မင်းပြန်ပြီးအနားယူလိုက်လေ ငါပဲလိုက်ရှာကြည့်လိုက်မယ်"
ကျိုးကျင်းမင်က ပြောပြီးပြီးချင်းပဲ ထွက်သွားခဲ့တယ်။
တစ်ဖက်လူထွက်သွားတာကိုမြင်မှ ရှန်ချင်းရှုတစ်စုံတစ်ခုကိုသတိရသွားပြီး အော်ပြောလိုက်တယ်။
"ခဏစောင့်ဦး"ကျိုးကျင်းမင် ပြန်လှည့်ကြည့်လာတယ်။
"ဘာဖြစ်လို့လဲ""ဘာလို့ ပိုင်ရွှယ့်ကောကိုအရင်မေးမကြည့်တာလဲ"
ကျိုးကျင်းမင်:???
ကျိုးကျင်းမင် သူ့ရဲ့လက်ထဲမှ ထိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ မြွေဖြူလေးကိုစိုက်ကြည့်လိုက်တယ်။
မင်းက ဘယ်လိုကောက်ချက်တွေဆွဲလိုက်ပြီး ပိုင်ရွှယ်ကောကို ပိုင်ရှင်လို့သတ်မှတ်လိုက်ရတာတုန်း?
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer