Unicode
(116) သူတို့နှစ်ယောက်က ဘာလို့ထပ်လုပ်နေရပြန်တာလဲ!
ရှန်ချင်းယွီ:???
ဒီတစ်ခါရော သူဘာလို့ ရှန်ချင်းရှုကို ထည့်ပြောလာရပြန်ပြီလဲ? သူက ရှန်ချင်းရှုကိုသိနေတာလား?
"သူက ကျွန်တော့်အစ်ကိုပါ .. ခင်ဗျား သူ့ကိုသိလို့လား"
ဝူကျင်း အပြုံးတစ်ခုနဲ့ ခေါင်းညိတ်လိုက်တယ်။
"မင်း ငါ့ကို မင်းအစ်ကိုနဲ့ဆက်သွယ်ပေးရင် ငါ ဒီပူးပေါင်းမှုကို သဘောတူပေးမယ်"
ရှန်ချင်းယွီ:???
ယန်ကျားယွီ:???
"ဘာလို့လဲ"
နှစ်ယောက်သား တစ်ပြိုင်တည်းပြောလာကြတယ်။ဝူကျင်းရဲ့မျက်လုံးတွေက နူးညံ့မှုတွေနဲ့ အလင်းတစ်ချက် တောက်ပသွားကာ:
"ဘာလို့လဲဆိုတော့ ငါက သူ့စကားကိုနားထောင်ရတာကြိုက်လို့လေ"
သူက အရှေ့မှ သိပ်ကြည့်မကောင်းတော့တဲ့လူနှစ်ယောက်ကိုကြည့်ကာ ပြောလိုက်တယ်။
"ဒါကြောင့် ငါ သူနဲ့ဆိုရင်တော့ ပူးပေါင်းဖို့ဆန္ဒရှိတယ်"
ရှန်ချင်းယွီ:...
ယန်ကျားယွီ:...
ကမ္ဘာကြီးက မျှတသေးရဲ့လား!
ရုတ်တရက်ပေါ်လာတဲ့ ဒီတစ်ယောက်က ရှန်ချင်းရှုကိုဘာလို့ကြိုက်နေရပြန်တာလဲ!
သူ့ဆီမှာ ဘယ်လိုမှော်ပညာတွေရှိနေတာလဲ?!
သူက ဒီကမ္ဘာပေါ်က ကူဘုရင်ကြီးလား?!
သူ့စကားကို နားထောင်ရတာကြိုက်တယ်ပေါ့?
ရှန်ချင်းရှုရဲ့အထဲမှာ ဘာတွေပါနေလို့လဲ?!
တော်တော်ကြီး စွဲမက်စရာကောင်းနေလို့လား?
ငါကတော့ မင်းသူ့ကိုကြိုက်နေလို့ လို့ထင်တာပဲ!
ဒီအကြောင်းပြချက်က ကာဗာယူထားတာသက်သက်ပဲမလား!
ထိုစကားကိုကြားတော့ ကျိုးဟိန် တစ်စုံတခုကို ရုတ်တရက်သတိရသွားတယ်။ ခဏလောက် ထိတ်လန့်နေခဲ့ပြီးနောက်မှာတော့:
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer