(69.2)မင်းပြောတော့ မင်းနဲ့ချင်းချင်းက တွဲနေတာမဟုတ်ဘူးဆို?

3.2K 596 19
                                    

Unicode

ရှန်ချင်းရှု သူ့ဘေးနားမှလှုပ်ရှားမှုတွေကြောင့် တစ်ဖက်လူရဲ့လက်မောင်းကို ပွတ်သပ်လိုက်ကာ  ခပ်တင်းတင်းလေးဆက်ဖက်ထားလိုက်တယ်။

ဟန်ချောင်မှာတော့ အိပ်ယာမှထဖို့အစီအစဥ်မရှိသေးတဲ့လူငယ်လေးကိုကြည့်ရင်း ခေါင်းတောင်အနည်းငယ်ကိုက်ခဲလာသလိုပဲ။

သူ စမ်းသပ်ကြည့်တဲ့အနေနဲ့ ရှန်ချင်းရှုရဲ့လက်ကို  ဖွဖွလေးပင့်,မလိုက်တယ်။ ရလဒ်ကတော့ ရှန်ချင်းရှုက ပြန်လည်ရုန်းကန်ပြီး သူ့ကိုထပ်ဖက်ထားတော့တာပဲ။ သူက သူ့ရဲ့လက်မောင်းတွေကိုမလွှတ်တမ်းမှီတွယ်ထားပြီး အိပ်ချင်မူးတူးလေသံလေးနဲ့မေးလာတယ်။

"ခင်ဗျားဘာလုပ်တာလဲ"

ဟန်ချောင်:...

ဟန်ချောင် ပြန်ဖြေလိုက်တယ်။

"ကိုယ် ရေသွားချိုးလိုက်ဦးမယ် ပြန်ပြီးအိပ်နေလိုက်ဦးနော် ဟုတ်ပြီလား"

ရှန်ချင်းရှု ယာင်ဝါးဝါးနဲ့ ခေါင်းညိတ်ပြတယ်။ ထိုအခါမှသာ ဟန်ချောင် စိတ်သက်သာရာရသွားပြီး လူငယ်လေးရဲ့လက်ကိုဖယ်ရှားကာ အဝတ်တွေကို တိတ်တဆိတ်ဝတ်ဆင်လိုက်ပြီး အိပ်ယာထဲမှထွက်လိုက်တယ်။

အဲဒီနောက်မှာတော့ သူရေချိုးခန်းဆီကိုဦးတည်ခြေလှမ်းလှမ်းလိုက်ချိန်မှာပဲ သူ့ရဲ့အင်္ကျီကို တစ်စုံတစ်ယောက်က လှမ်းဆွဲလာပြန်ရဲ့။

"ကျွန်တော် ခင်ဗျားကိုလိုက်ပို့မှာ"
ရှန်ချင်းရှု စောင်ထဲမှ ဖြည်းညှင်းစွာထထိုင်လာတယ်။ သူ့ရဲ့မျက်လုံးတွေက ဖွင့်ဟလာခြင်းမရှိသေးဘဲနဲ့လေ။

ဒီတော့ ဟန်ချောင် လှည့်ကြည့်လိုက်ချိန်မှာ မြင်တွေ့လိုက်ရတာက ထိုကောင်လေးရဲ့ ဖြူစင်သန့်ရှင်းမှုတွေဖြည့်ထားတဲ့ဗားရှင်းလေးကိုပဲ။

သူက အမှန်အကန်ကိုဖြူဖွေးလွန်းပြီး သူ့ရဲ့တစ်ကိုယ်လုံးမှာ နက်ရှိုင်းပြီးအရိပ်တွေထင်ကျန်နေတဲ့ အမှတ်တွေနဲ့ပြည့်နေခဲ့တယ်လေ။

ကိုက်ရာတွေတစ်ခုပြီးတစ်ခု_ ဇီးပန်းပွင့်လေးတွေ ပျံ့ကျဲနေသလိုပဲ။

ဟန်ချောင် ရုတ်တရက် တွေးလိုက်မိတယ်။ အဝေးမှာရှိနေတာက ဆီးနှင်းပွင့် ဟုတ်မဟုတ်ဆိုတာကိုမြင်တွေ့နိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ မွှေးရနံ့တွေက လေနဲ့အတူမျောလွင့်လာပြီလေ*။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now