ခင်ဗျား ကျွန်တော့ကို ချီးကျူးပေး
"သေချာတာပေါ့"
ချွေ့ဟောင်ရဲ့စကားသံက အပြုံးရိပ်တွေစွန်းထင်နေလေရဲ့။"ဘာလို့လဲ"
ရှန်ချင်းရှု ပြန်မေးမိတယ်။ သူ့ရဲ့နောက်ကွယ်မှ ရွှေသခင်ကြီးက သူ့အတွက် ဒီ variety showမှာရင်းနီးမြှပ်နှံခဲ့တာမဟုတ်ဘူးလား။ အခုကျမှ ဘာလို့ချန်ပီယံဆုကို လက်လျှော့ချင်နေရတာလဲ။သူ့ရဲ့နောက်မှာရှိတဲ့ ရွှေသခင်ကြီးကသဘောတူလို့လား။
" အခုခေတ်ပရိသတ်တွေက တော်တော်လေးစမတ်ကျနေပြီလေ မင်းနဲ့ငါက အရည်အချင်းနဲ့ကျော်ကြားမှုတွေတူနေမယ်ဆိုရင်တော့ ငါချန်ပီယံရသွားမယ်ဆိုရင်လည်း ဘာပြသနာမှရှိလာမှာမဟုတ်ဘူး.. ဒါပေမဲ့အခုက မင်းက ငါ့ထက်ပိုပြီးအရည်အချင်းရှိသလို ငါ့ထက်လည်းလူသိများသေးတယ်.. ဒီအချိန်ငါအနိုင်ရလိုက်မယ်ဆိုရင် ပရိသတ်တွေက လက်ခံနိုင်မှာမဟုတ်ဘူး သူတို့တွေမမျှတဘူးလို့တွေးပြီး အညှီနံ့တစ်ခုခုရသွားတာမျိုး၊ ပရိုဂရမ်အဖွဲ့က မျက်နှာလိုက်တယ်ဆိုတာမျိုး ဖြစ်လာလိမ့်မယ်.. အဆုံးသတ်ရရင် ငါကပရိသတ်တွေကိုမဆွဲဆောင်နိုင်ရုံမကဘဲ black fanတွေကိုပဲ ဆွဲခေါ်မိလိမ့်မယ်"
ရှန်ချင်းရှုအနေနဲ့ တစ်ဖက်လူက တွေးတောဆင်ခြင်မှုအပြည့်နဲ့နားလည်နေခဲ့လိမ့်မယ်လို့ မထင်ထားတဲ့အတွက် အတော်လေးအံ့သြသင့်နေမိတယ်။
" မင်း ဒါကိုသဘောပေါက်သွားပြီလား"
"ကောင်းပြီ ငါမင်းရဲ့စကားရည်လုပွဲစဥ်သုံးခုကိုကြည့်ခဲ့တယ် မင်းသာ အသံကြိုးမှာ ပြသနာရှိသွားတာနဲ့ ၊ စကားမပြောနိုင်တော့တာတို့တွေ မဖြစ်ခဲ့ဘူးဆိုရင် ငါမင်းကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး ဒီတော့ ဒါက ငါ့အတွက်အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ်"
"အမ်.. ကျေးဇူးပါ"
ရှန်ချင်းရှု ပြောလိုက်တယ်။ အဆုံးမှာ ချွေ့ဟောင် ပရိုဂရမ်အဖွဲ့နဲ့သဘောတူညီထားမှုကိုဖျက်သိမ်းလိုက်တာရဲ့ အကြီးဆုံးကောင်းကျိုးကိုရရှိသွားမဲ့သူက သူပဲလေ။သရဖူမရရှိလိုက်တဲ့ဘုရင်သည်လည်း ကောင်းမွန်နေဆဲဘဲဆိုပေမဲ့ ဘယ်သူကများ ထိုခေါင်းစဥ်(ချန်ပီယံ)စကားလုံးကို မလိုချင်ဘဲနေမှာတဲ့လဲ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
FantasíaAuthor(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်