Zawgyi
ကောင်းကင်ဘုံမှာဆိုရင် အတူပျံသန်းချင်တဲ့ ငှက်မောင်နှံတွေဖြစ်ချင်ပြီး ကမ္ဘာမြေပေါ်မှာဆိုရင်တော့ လှောင်အိမ်တစ်ခုတည်းမှာ အတူရှိနေတဲ့ ကြက်စုံတွဲဖြစ်ချင်တယ် (2)
ရှန်ချင်းရှု ထိုအကြောင်းကို တစ်ညလုံးနီးပါးတွေးတောပြီးနောက် သူ့ရဲ့အသစ်စက်စက်တက္ကသိုလ်ဇာတ်လမ်းလေးကို မဖက်ချင်ဖျက်ချင်နဲ့ ဖျက်လိုက်တော့တယ်။ ဒါက သူ ထိုတက္ကသိုလ်အချစ်ဝတ္ထုနဲ့ပတ်သက်ပြီး ယုံကြည်ချက်ပျောက်ဆုံးသွားလို့မဟုတ်ဘဲ သူ့ကိုနေ့တိုင်းလက်ဆောင်ပို့ပေးနေတဲ့ နိုင်လိုမင်းထက်ပြုမူတတ်သူကြီးမှ ထိုဝတ္ထုကိုဖတ်ကြည့်ပြီးနောက် လက်မခံခဲ့လို့ဘဲဖြစ်တယ်။ သူ့ရဲ့တခြားစာဖတ်သူတွေကလည်း ထိုအကောင့်ပိုအကြောင်းကိုသိသွားတဲ့အချိန် ပိုပြီးလက်မခံနိုင်ဖြစ်သွားလေမလား?
စာရေးဆရာအသစ်တစ်ယောက်ဖြစ်နေပေမယ့်လည်း ကားနတ်ဘုရားထံသို့ ထိုနိုဗယ်နဲ့ပတ်သက်ပြီးအပြင်းအထန်ငြင်းဆန်နေတဲ့ကိစ္စကို သူနားမလည်နိုင်ဘူး။ စာဖတ်သူတွေက အဲဒီစာအုပ်ကို သဘောမကျဘူးဆိုမှတော့ သူကလည်း စာဖတ်သူတွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး အားကျိုးမာန်တက်လုပ်နေစရာမလိုတော့ဘူးလေ။
ဒါကြောင့် ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာ ရှန်ချင်းရှု ထိုစာအုပ်ကိုဖျက်လိုက်ဖို့ကိုပဲရွေးချယ်လိုက်တယ်။ ဆုချင်းနဲ့ချောင်ဟန်တို့ရဲ့ တက္ကသိုလ်အချစ်ဇာတ်လမ်းအတွက် စိတ်ကူးဥာဏ် မရရှိသေးတာကြောင့် ခဏလောက်အနားယူပြီး နှစ်ရက်လောက်ကြာမှပြန်ရေးဖို့ဆုံးဖြတ်လိုက်တယ်။
ရှန်ချင်းရှု ကွန်ပြူတာကို ပိတ်လိုက်ပြီး အိပ်ယာထဲမှထွက်ကာ ရေချိုးလိုက်တယ်။ ပြီးနောက် မနက်ဖန်ရိုက်ကူးရမယ့် ဇာတ်ညွှန်းကိုခဏလောက်ပြန်ကြည့်ပြီး မီးကိုပိတ်ကာ အိပ်စက်လိုက်တော့တယ်။
နောက်နေ့မနက်မှာတော့ ရိုက်ကူးရေးက တရားဝင်စတင်ခဲ့ပြီ။
ရှန်ချင်းရှုနှင့် ပိုင်ရွှယ်ကောတို့က ကံကောင်းစေရန်အတွက် အတူတူ ဆုတောင်းခဲ့ကြတယ်။ ပြီနောက် ကျိုးကျင်းမင်နဲ့အတူရှိနေမယ်ဆိုရင် အဝတ်လဲခန်းသို့သွားကာ မိတ်ကပ်ဆရာမကို သူ့ကိုပြင်ဆင်ပေးဖို့ပြောလိုက်တယ်။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer