(68.1) အချိုပေါ်မှာ အချိုထပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်( အချိုလွန်ကဲမှုသတိပြုပါ)

3.5K 600 37
                                    

Unicode

အချိုပေါ်မှာ အချိုထပ်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်( အချိုလွန်ကဲမှုသတိပြုပါ)

ဟန်ချောင်ကတော့ သူ့ရဲ့စကားတွေကြောင့် စိတ်ခံစားချက်တွေပေါင်းစုံသွားရပြီး စကားပြန်မပြောတော့ပဲ ခေါင်းကိုသာ နှိမ့်ပြီး တိုက်ရိုက်နမ်းရှိုက်လိုက်တော့တယ်။

ရှန်ချင်းရှု ထိုအနမ်းကြောင့် သတိလက်လွတ်နဲ့ ခေါင်းကိုမြှင့်လိုက်ပြီး ရေနစ်သူတစ်ယောက်က အားကိုးရာကိုရှာတွေ့သလိုမျိုး စိတ်အားထက်သန်စွာပြန်လည်တုံ့ပြန်လိုက်မိတယ်။

သူနမ်းရှိုက်နေရင်းနဲ့ နှလုံးသားတစ်ခုလုံးခံစားချက်တွေပြည့်နှက်နေတာကြောင့် ဟန်ချောင်ရဲ့နှုတ်ခမ်းတွေကို မထိန်းချုပ်နိုင်စွာကိုက်ခဲမိလိုက်တယ်။ ပြီးမှ နူးနူးညံ့ညံ့လေးပြန်လည်လျက်ပေးလိုက်ပြန်တယ်။

ဟန်ချောင်က စိတ်မချမ်းမြေ့မှုတွေ ၊မကျေမနပ်ဖြစ်မှုတွေအပေါ်မှာ တော်တော်လေးအထိအခိုက်မခံဖြစ်နေခဲ့တာ။ ပြောရရင် သူသိပ်ပြီးတော့နားလည်ခြင်းမရှိခဲ့ဘူး။ သူ့အနေနဲ့ ရှန်ချင်းရှုက သူ့ကိုမြင်တွေ့ရရင်ပျော်ရွှင်သွားလိမ့်မယ်လို့ဘဲ ရိုးရိုးရှင်းရှင်းတွေးထားခဲ့တာလေ။ ရှန်ချင်းရှုက မှားယွင်းခံလိုက်ရသလိုမျိုး ခံစားနေရလိမ့်မယ်လို့မမျော်လင့်ခဲ့မိဘူး။

ဒါပေမယ့်လည်း သူအဲလိုမျိုးခံစားရသင့်တာပဲ။ အဆုံးမှာ သူက ထိုလူငယ်လေးကို ပိုင်ရွှင်ကောနဲ့အတူ နှစ်သစ်ကိုအချိန်ဖြုန်းဖို့ကိုပိတ်ပင်တားဆီးခဲ့ပြီး အိမ်မှာတစ်ယောက်တည်းနေခိုင်းခဲ့မိတယ်။ ဒီလိုသာမဟုတ်ခဲ့ရင် အခုချိန်မှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနဲ့ နှစ်သစ်ကူးအချိန်မှာ မပျော်မရွှင်ရှိနေရမှာမဟုတ်ဘူး။

ဟန်ချောင် သူ့လက်မောင်းထဲကလူကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာနမ်းရှိုက်လိုက်ပြန်တယ်။ ရှန်ချင်းရှုတစ်ယောက် မထိန်းနိုင်လောက်တော့မယ့်အချိန်ကိုရောက်မှသာ ထိုအနမ်းကိုဖြည်းညှင်းစွာအဆုံးသတ်ပြီး သူ့ရဲ့လက်မောင်းတွေကြားထဲမှာ မှီတွယ်စေလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now