Unicode
96.2 ဘယ်သူကမနာလိုဖြစ်နေလို့လဲ! ခင်ဗျားကသာမနာလိုတာ!🍀
ဟန်ချောင် ပြန်ရောက်လာတော့ အခန်းထဲမှ လူနှစ်ယောက်က စကားပြောဆိုချင်းမရှိပါပဲ တိတ်တဆိတ်စားသောက်နေတာကိုမြင်လိုက်ရတယ်။
သူ ရှန်ချင်းရှုကိုကြည့်လိုက်တော့ လူငယ်လေးက သူခွာပေးတားတဲ့ပုစွန်တွေကို ကုန်အောင်စားထားပြီး နောက်ဆုံးအနေနဲ့ လက်စသတ်ဖို့ အချိုပွဲကိုစားနေခဲ့တယ်။ သူ့ရဲ့မျက်ခုံးတွေကတော့ တွေးတောစဥ်းစားနေဟန်နဲ့ တွန့်ချိုးလျှက်သား။
ဟန်ချောင် သူ့အနားကို လျှောက်ကာ အနားကိုတိုးကပ်ရင်းမေးလိုက်တယ်။
"အရသာရှိလား"ရှန်ချင်းရှု ထိတ်လန့်သွားကာ လည်ပင်းထဲမှာရှိနေတဲ့အချိုပွဲက နင်သွားရပြီး ချက်ချင်းဆိုသလို ချောင်းဆိုးလာရတယ်။
ဟန်ချောင် လူငယ်လေးရဲ့ကျောပြင်ကို အသာပုတ်ပေးလိုက်ပြီး လက်ဘက်ရည်ခွက်ကိုကမ်းပေးလိုက်တယ်။
"လာ ရေနည်းနည်းသောက်လိုက်ဦး"
ရှန်ချင်းရှုက သူလှမ်းပေးလာတဲ့ရေနွေးခွက်ကိုလှမ်းမယူဘဲ သူ့ရဲ့ကိုယ်ပိုင်ခွက်ကိုပဲကောက်ယူလိုက်ကာ တစ်ခွက်လုံးကိုမော့သောက်လိုက်တယ်။ ပြီးမှသာ အနည်းငယ်အဆင်ပြေသွားရပြီး တစ်ဖက်လူကိုပြန်ပြောလိုက်တယ်
"ခင်ဗျား ကျွန်တော့်ကိုသေအောင်ခြောက်လှန့်နေတာပဲ"
"ကိုယ်မှားသွားတာပါ.. မင်း သီးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး"
ဟန်ချောင်က ငိုရမလို ရယ်ရမလိုပဲ။
"မင်းဘာလို့ ကလေးလိုဖြစ်နေရတာလဲ"
ရှန်ချင်းရှု သူ့ကိုစိုက်ကြည့်လိုက်ကာ နှာမှုတ်လိုက်တယ်။
"ကိုယ့်ဘာသာကိုယ် အရသာခံကြည့်ပါလား"ဟန်ချောင် ပန်းကန်ထဲမှအချိုပွဲတစ်ပိုင်းကိုလှမ်းယူကာ ပါးစပ်ထဲကိုထည့်လိုက်တယ်။ အရသာက အဆင်ပြေပြီး သူတွေးထားတာထက်ပိုကောင်းနေတယ်။
ပိုင်ကျန်း အရှေ့မှလူနှစ်ယောက်ကြားမှ ဆက်ဆံရေးကိုကြည့်ကာ မနာလိုမှုတွေပြည့်လာရတယ်။ ပြောရရင် သူ ဟန်ချောင်ရဲ့သူငယ်ချင်းဖြစ်ချင်တာပေါ့။ သူက ရှက်နေရုံလေးပဲလေ။ သူ့လိုလူက ဘယ်လိုလုပ် ဟန်ချောင်ကို တွယ်ချိတ်တက်နိုင်မှာလဲ? တကယ်လို့သာ....

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer