[Hey! I'm back! ]Unicode
ဟန်ချောင်က အိမ်ကိုပြန်တော့မယ်။ ရှန်ချင်းရှု အနေနဲ့ ဒါကိုသိပြီးသားဖြစ်ပေမယ့်လည်း ထိုအမျိုးသား အထုတ်အပိုးမပြင်ခင်အထိ တွန့်ဆုတ်တဲ့ခံစားချက်ကို မခံစားရသေးဘူး။
ပြောရမယ်ဆိုရင် သူ ဒီကိုရွှေ့ပြောင်းလာကတည်းက ဟန်ချောင် ဒီနေရာမှာပဲရှိနေခဲ့တာလေ။ သူ ရိုက်ကူးရေးအတွက် ထွက်သွားရတော့လည်း ဟန်ချောင်က ဒီနေရာမှာပဲရှိနေတုန်းပဲ။ သူ အိမ်ကိုပြန်လာတဲ့အချိန်တိုင်းမှာ ထိုအမျိုးသားကိုတွေ့မြင်နိုင်လိမ့်မယ်။
ဒီတော့ ဒါက ပထမဆုံးအကြိမ်အဖြစ် သူအိမ်မှာရှိနေတဲ့အချိန်မှာ ဟန်ချောင်က ထွက်သွားတာပဲ။
ရှန်ချင်းရှု ဆောင့်ကြောင့်လေးထိုင်ပြီး မေးမိတယ်။
"ကျွန်တော်ကူညီပေးရမလား""မလိုဘူး"
ဟန်ချောင် အဝတ်အစားတွေကိုထည့်ရင်း ပြန်ဖြေတယ်။"နေ့စဥ်သုံးပစ္စည်းနည်းနည်းလောက်ပဲ ယူသွားမှာ.. ပစ္စည်းတွေအများကြီး ထည့်နေစရာမလိုဘူး"
"ခင်ဗျား အိမ်မှာဘယ်လောက်ကြာအောင်နေမှာလဲ? ဘယ်တော့ပြန်လာမှာလဲဟင်"
ဟန်ချောင် သူ့ကိုပြန်ကြည့်လိုက်တယ်။
"မင်းက ကိုယ့်ကို ဘယ်အချိန်ပြန်လာစေချင်တာလဲ"
ရှန်ချင်းရှုကတော့ သေချာပေါက် မြန်မြန်လေးပြန်လာစေချင်တာပေါ့။ ဒါပေမယ့် နှစ်သစ်ကူးအချိန်အခါမှာ ဟန်မိဘတွေက သူတို့ရဲ့သားနဲ့ ရှားရှားပါးပါးပြန်ဆုံရတာလေ။ ဒါကြောင့် မြန်မြန်ပြန်လာပါဆိုတဲ့စကားကိုပြောဖို့ရာအတွက် ရှန်ချင်းရှု ရှက်ရွံ့မိတယ်။
"ခင်ဗျားရဲ့အားလပ်ရက်က ဘယ်အချိန်ထိလဲ"
"ဆယ်ရက်"
ရက်နည်းနည်းလေးပဲရှိတာပဲ။ ရှန်ချင်းရှု နှမျောစွာတွေးမိတယ်။
"၉ရက်နေ့တော့ ပြန်လာခဲ့နော်"
ဟန်ချောင်:!!!!
ပြန်မလာနဲ့တော့လို့ဘဲ ဘာလို့မပြောလိုက်တာလဲ?!
အားလပ်ရက်ဆယ်ရက်မှာ မင်းက ကိုးရက်နေ့မှပြန်လာဖို့ပြောနေတယ်!

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer