(43.2)ပါးရိုက်ဖော်လေးရေ ငါတို့ထပ်တွေ့ရပြန်ပြီနော်...

5.4K 1K 52
                                    

Zawgyi


သူဓာတ်လှေကားတံခါးရှေ့မှာရပ်လိုက်ပြီး ဓာတ်လှေကားပွင့်လာမယ့်အချိန်ကိုစောင့်နေလိုက်တယ်။ ရလဒ်ကတော့ တံခါးပွင့်လာတဲ့အချိန်မှာ ရှန်ချင်းရှုတစ်ယောက် ဆုလော်ရဲ့ဆူပုတ်မည်းသည်းနေတဲ့မျက်နှာနဲ့ ရင်ဆိုင်လိုက်ရတော့တာပဲ။

ရှန်ချင်းရှု ခဏလောက် ကိုးရိုးကားယားခံစားမိသွားရပြီး သူမနဲ့ပဋိပက္ခဖြစ်လာမှာကိုမလိုလားတဲ့အတွက် အထဲကိုမဝင်ဘဲ နောက်ထပ်ဓာတ်လှေကားကိုပဲစောင့်ဖို့စီစဉ်လိုက်တယ်။

"ကျွန်တော့်ရဲ့အေးဂျင့်ကိုစောင့်ရဦးမှာမို့လို့ အရင်သွားနှင့်လိုက်ပါ"
ရှန်ချင်းရှု ယဉ်ကျေးစွာနှင့်ပြောလိုက်တယ်။

ဆုလော်က လှောင်ရယ်လိုက်ကာ သူ့ကိုအထင်သေးစွာစိုက်ကြည့်လာတယ်။ သူမရဲ့မျက်လုံးတွေ သူ့ထံမှလွှဲဖယ်ခါနီးမှာပဲတစ်စုံတစ်ခုကိုတွေ့မြင်လိုက်ရပုံနဲ့ ရှန်ချင်းရှုရဲ့လက်ကောက်ဝတ်ကိုစိုက်ကြည့်ပြီးမေးလာတယ်။

"နင့်လက်ပေါ်က ဘာလဲ"

ရှန်ချင်းရှုခေါင်းငုံ့ကြည့်လိုက်တော့ ဒီနေရာမှာရှိနေတဲ့တတိယပုဂ္ဂိုလ်လေး ရှောင်ချီရဲ့ခန္ဓာကိုယ်က အပြင်ဘက်ကိုပေါ်ထွက်နေတာကိုမြင်လိုက်ရတဲ့အတွက် ရှင်းပြလိုက်တယ်။

"အိမ်မွေးမြွေလေးပါ အဆင်ပြေပါတယ် သူမကလိမ်မာပြီးအဆိပ်လည်းမရှိဘူးလေ မြွေသေးသေးလေးဆိုတော့ ကြောက်စရာမလိုပါဘူး"

ရှန်ချင်းရှု တစ်ခြားလက်တစ်ဖက်နဲ့ လက်ကောက်ဝတ်မှာရှိတဲ့မြွေကိုဖုံးကွယ်လိုက်တယ်။

ဆုလော် သူ့ရဲ့စကားတွေကိုနားလည်ပေမယ့် သူ့ကိုဒုက္ခပေးနိုင်မယ့်အကြောင်းပြချက်ကိုရှာတွေ့သွားပြီလေ။

"ဘယ်သူက ရိုက်ကူးရေးထဲကိုမြွေယူလာလို့ရတယ်ပြောခဲ့လို့လဲ? နင့်ရဲ့အိမ်လို့များမှတ်နေတာလား? တခြားလူတွေက ကြောင်တွေခွေးတွေတောင်မယူလာဘူး နင်ကအဲဒီမြွေကို ဒီနေရာမှာထိန်းသိမ်းနိုင်လို့လား? ဘာလဲ တခြားလူတွေငြိမ်းငြိမ်းချမ်းချမ်းအနားယူနေရမှာကို မလိုလားလို့လား"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now