105. "ခင်ဗျား ကျွန်တော့်ရဲ့လက်ကို မကိုင်ဘူးလား"🍀
"မင်း အခုပျော်နေလား"
"ဒါပေါ့.. မင်းလည်း အလိုက်ခံရမယ်ဆိုရင် မပျော်ဘူးလား"
"မပျော်ဘူးလေ.. ငါက သူ့ကို သက်ငယ်ကလေတွေကို ကာကွယ်ထားတဲ့ ဥပဒေမူကြမ်းကော်ပီတစ်ခု သူ့ကိုပေးလိုက်မှာ"
ရှန်ချင်းရှု:... ငါမေ့သွားတာ.. သူက ခုထိ အသက်မပြည့်သေးဘူးပဲ။
"ဒါဆို မင်းအရွယ်ရောက်လာပြီး အလိုက်ခံရရင် မင်းပျော်ရွှင်လိမ့်မယ်"
"ဒါကလည်း မသေချာဘူး.. ငါကတော့ ငါ့ကိုမကြိုက်တဲ့လူတွေ ငါ့ကိုလိုက်မှာကို စိတ်ပင်ပန်းလောက်မယ်ထင်တယ်"
ပိုင်ရွှယ်ကော ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။
"ဒါပေမဲ့ မင်းရဲ့စကားကိုနားထောင်ကြည့်ရတာတော့ မင်းသူ့အပေါ် ခံစားချက်တွေရှိနေတာမလား?
"နည်းနည်းလောက်ပေါ့"
ရှန်ချင်းရှု ပလုံးပထွေးပြောလိုက်တယ်။ကောင်းပြီ။ မင်းရဲ့ပျော်ရွှင်မှုတွေကိုမဖုံးကွယ်နိုင်တာတောင် ခုလိုမျိုးပြောနေတာ အဆင်ရောပြေရဲ့လား? ငါကတော့
မင်းသိသိသာသာလှုပ်ရှားသင့်ပြီလို့ထင်တယ်နော်!ပြီးဆုံးသွားပြီပဲ ဟန်ချောင်ရေ။ မင်းရဲ့လှေကတော့ နစ်မြှပ်တော့မယ်။
"အဲဒီတစ်ယောက်က ဘယ်သူများလဲ"
ပိုင်ရွှယ်ကော ညလည်ခေါင်ကြီးမှာ အတူဖက်ပြီး ငိုဖော်ငိုဖက်ဖြစ်တဲ့ သူ့ရဲ့ချစ်ခင်ရတဲ့အစ်ကိုကြီးအတွက် မေးဖို့ဆုံးဖြတ်လိုက်တယ်။"ဒါနဲ့ မင်းက ဟန်ချောင်နဲ့အတူရှိနေတာမဟုတ်ဘူးလား? မင်း သူနဲ့အတူရှိနေတဲ့အချိန် တခြားတစ်ယောက်လိုက်တာကိုခွင့်ပြုပေးတာက မှားမေနဘူးလား"
ရှန်ချင်းရှု ပြုံးလိုက်တယ်:
"ငါက ဟန်ချောင်နဲ့အတူရှိနေတယ်လို့ မင်းကို ဘယ်သူကပြောတာလဲ""ဟန်ချောင်ကိုယ်တိုင်ပဲလေ?"
ပိုင်ရွှယ်ကော ထိတ်လန့်သွားတယ်။"သူငါ့ကိုလိမ်တာလား? မင်းတို့က အတူရှိနေတာမဟုတ်ဘူးလား?"
အဲလိုမဖြစ်သင့်ဘူးလေ!
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer