Unicode
ခင်ဗျားကျွန်တော့်ကိုဆက်ပြီးအလိုလိုက်သင့်တယ် & ရည်စားကောင်လေးရဲ့ ရှပ်အင်္ကျီ
ရှန်ချင်းရှု ကျိုးကျင်းမင်နဲ့ရှောင်လီတို့ရဲ့ ကာကွယ်ပေးမှုအောက်မှာ လေဆိပ်မှခက်ခက်ခဲခဲထွက်ခွာလာခဲ့ရတယ်။
ကျိုးကျင်းမင်က မူလတုန်းက သူ့ကိုအရင်ထွက်သွားစေချင်တာဖြစ်ပေမဲ့ ရှန်ချင်းရှုက ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့နာမည်က အခုလေးတင်မှ စတင်ကျော်ကြားလာတာဖြစ်တဲ့အတွက် သူ့အပေါ်လေးနက်တည်မြဲမဲ့ပရိသတ်တွေလိုအပ်နေတုန်းပဲ။ ဒါကြောင့် သူ့ကိုလိုက်ပို့ပေးဖို့အတွက် ကြိုးကြိုးစားစားရောက်လာကြတဲ့ သူ့ရဲ့ပရိသတ်တွေကို စိတ်ပျက်သွားအောင် မလုပ်ချင်ဘူး။
ကျိုးကျင်းမင်လည်း ရွေးချယ်စရာမရှိလက်ခံလိုက်ရတယ်။
လူတွေအများကြီးက နာနီကားဆီကိုတိုးဝင်လာကြတယ်။ ရှန်ချင်းရှုတစ်ယောက် သူတို့တွေ လူကွဲမသွားခင်အချိန်ထိ ကားထဲကထွက်ခွာခွင့်မရခဲ့ဘူး။ နောက်ဆုံး လူခွဲပြီးသွားမှသာလျှင် ဟန်ချောင်ရဲ့ကားထဲကိုသူခိုးလေးတစ်ယောက်လိုမျိုး ခိုးကြေားခိုးဝှက်နဲ့ဝင်သွားရတယ်။
ဟန်ချောင် သူ့ကိုကြည့်ပြီး အပြုံးတစ်ခုနဲ့ဆီးကြိုကာမေးလိုက်တယ်။
"ဓာတ်ပုံရိုက်ခံရမှာကို ကြောက်နေတာလား"
"ဟုတ်တယ်"
ရှန်ချင်းရှုခေါင်းညိတ်လိုက်တယ်။ဒီနေ့ခေတ်လူ့အသိုင်းအဝိုင်းက အမျိုးသားနှစ်ယောက်အတူရှိနေတာကို လက်ခံနိုင်နေပြီဆိုပေမဲ့ စာအုပ်ကြီးသမားတွေကတော့ ပြောင်းလဲခြင်းမရှိသေးဘူး။ ဒီတော့ အချိန်အများစုမှာ အတင်းအဖြင်း dating newတွေက ဆန့်ကျင်ဘက်လိင်တွေသာဖြစ်နေစေတုန်းပဲ။
ဒါကြောင့် သူနဲ့လိင်အမျိုးအစားတူညီတဲ့ ဟန်ချောင်ကားထဲကို ဝင်တဲ့အချိန်မှာ ဓာတ်ပုံအရိုက်ခံလိုက်ရရင်တောင် ဘာမှဖြစ်လာမှမဟုတ်ဘူး။
သူ့ရဲ့အကျင့်အရသာ (ပါပါရာဇီတွေရဲ့)ကင်မရာမြင်ကွင်းထဲကရှောင်တမ်းချင်ပြီး ဓာတ်ပုံအရိုက်မခံချင်ဖြစ်နေခဲ့တာ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Viễn tưởng_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer