မင်းက ဒီလောက်ကောင်းတာကို.. အဲဒီကားက ဘယ်လိုလုပ်ပြီး မင်းနဲ့ယှဉ်နိုင်မှာတဲ့လဲ
Zawgyi
ရှန်ချင်းရှု သွားတိုက်နေတုန်းမှာ သူ့ရဲ့စိတ်ထဲသို့ အတွေးတစ်ချက်ဝင်ရောက်လာခဲ့ပြီး သွားတိုက်နေတဲ့ သူ့ရဲ့လက်တွေက တဖြည်းဖြည်းနှေးသွားခဲ့ကာ မှတ်ဥာဏ်အစိတ်အပိုင်းတွေကို ပြန်လည်စီစစ်လိုက်မိတယ်။ သူ ထိုမှတ်ဥာဏ်တွေကို ဆက်ပြီးကြည့်လေလေ ထိတ်လန့်မိလာလေလေပဲ။ အရာအားလုံးကိုအစဉ်လိုက်တွေးတောပြီးချိန်မှာတော့ သူထိတ်လန့်လွန်းလို့ လိပ်ပြာတောင်လွင့်မိတော့မတတ်ဘဲ။
မှန်မျက်နှာပြင်ပေါ်မှာရှိနေတဲ့ သူနဲ့တစ်ပုံစံထဲရှိနေတဲ့လူကို သူဖြည်းဖြည်းချင်း ဂရုတစိုက်စစ်ဆေးကြည့်လိုက်မိတယ်။
သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ရှန်ချင်းရှုတစ်ယောက် ပျော်ရမလားဝမ်းနည်းရမလားဆိုတာကိုတောင်မသိတော့ဘူး။ သွားတွေကိုတောင် ဆက်တိုက်ဖို့အင်အားမရှိတော့သလိုပဲ။
ဘယ်လိုလုပ်ပြီး အသက်ပိုပြီးရှင်နိုင်ရမှာတဲ့လဲ ?
သူက လုံးဝသေဆုံးသွားပြီးတော့ စာအုပ်ထဲကိုကူးပြောင်းလာခဲ့တာအသေအချာပဲကို။
ဒီလက်ရှိခန္ဓာကိုယ်က သူနဲ့အလုံးစုံတူညီမှုရှိမနေဘူး !
ရှန်ချင်းရှုတစ်ယောက် ပိုပြီးသေးငယ်သွားတဲ့မျက်နှာလေးကိုကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။ ဒီတစ်ခုက သူ့ရဲ့မူလမျက်နှာမဟုတ်ဘူးဆိုတာကတော့ လုံးဝသေချာတယ်။ နောက်ပြီးဒီခန္ဓာကိုယ်ကလည်းသူ့ရဲ့ခန္ဓာကိုယ်မဟုတ်ဘဲ တခြားလူတစ်ယောက်ရဲ့ဟာ ။ သူရှိနေတဲ့နေရာကတော့ သူအသက်ရှင်သန်ခဲ့တဲ့ကမ္ဘာမဟုတ်ဘဲ ဒီတစ်ယောက်ရဲ့ကမ္ဘာဖြစ်လိမ့်မယ်။
ရှန်ချင်းရှုထပ်မံပြီး သက်ပြင်းချလိုက်မိပြန်တယ်။ သို့ပေမယ့်မကြာခင်မှာပဲ စိတ်ပြန်အေးသွားရတယ်။ သူကသေဆုံးပြီးသားဖြစ်နေပေမယ့် လက်ရှိကမ္ဘာမှာအသက်ရှင်နေတုန်းပဲလေ။ ဒါက သူ့အတွက်လုံလုံလောက်လောက်ကို အဆင်ပြေနေပြီ။ နောက်ထပ် ဘာကိုထပ်ပြီးမျှော်လင့်နေရဦးမှာလဲ။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer