Zawgyi
ကျွန်တော် ခင်ဗျားကိုအများကြီးလွမ်းနေတာ(ချိုမြတဲ့သကြားခဲလေး)
ရှန်ချင်းရှု တိုတိုနဲ့လိုရင်းကိုသွက်လက်စွာရှင်းပြလိုက်ပြီး ထပ်မံအကြံပြုလိုက်တယ်။
"ခင်ဗျားစိတ်ပူစရာမလိုပါဘူး အခုဆိုကျွန်တော့်ရဲ့ဇာတ်ဝင်ခန်းတွေကလည်းပြန်ရပြီးပြီ သူလည်းဘာမှဆက်မလုပ်နိုင်တော့ဘူး တကယ်လို့ သူမ,ကြံစည်လာဦးမယ်တိုရင်တောင် ပိုင်ရွှယ်ကောရှိသေးတယ်လေ ဒီတော့ အဆင်ပြေမှာပါ"
ဟန်ချောင်မျက်မှောင်ကြုတ်လိုက်တယ်။
"မင်းက ကိုယ့်ရဲ့အကူအညီကိုတော့မလိုချင်ဘူး ဒါပေမယ့်ပိုင်ရွှယ်ကောရဲ့အကူအညီကိုတော့ လိုချင်တယ်ပေါ့လေ"
"သူက ခေါင်းဆောင်မင်းသားလေ"
ရှန်ချင်းရှု ထိုအမျိုးသားရဲ့လက်ကိုဆွဲယူပြီး ရှင်းပြလိုက်တယ်။"ခင်ဗျားက ရိုက်ကူးရေးအဖွဲ့ဝင်မဟုတ်ဘူး.. ဒါပေမယ့်သူကတော့ ဒီဒရမ်မာရဲ့အမျိုးသားဇာတ်လိုက်လေ ဒီတော့ သူ့အတွက်က ခင်ဗျားထက်ပိုပြီးစကားပြောရတာအဆင်ပြေတယ်လေ"
ဟန်ချောင်ကဆက်ပြီး တိတ်ဆိတ်နေတုန်းပဲ။
ရှန်ချင်းရှုကတော့ ထိုအမျိုးသားရဲ့အတွေးတွေကို တိတိကျကျကြီးနားလည်နေပြီ။
"ခင်ဗျားသာဆိုရင်လည်း ဒီပြသနာတွေကိုအလွယ်တကူဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်တော်သေချာပေါက်သိတာပေါ့ ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့အလုပ်လေ .. တကယ်လို့ကျွန်တော့်ရဲ့အလုပ်မှာ ပြသနာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့လို့ လုပ်ဖော်ကိုင်ဖက်က ကူညီဖြေရှင်းပေးတယ်ဆိုရင် အဲဒါကပုံမှန်ပဲ .. ဒါပေမယ့်ကျွန်တော်က အပြင်ဘက်ကမဆိုင်တဲ့သူစိမ်းတစ်ယောပ်ကိုဆွဲထည့်လိုက်မယ်ဆိုရင်၊ အခုကိစ္စမှာခင်ဗျားကိုပေါ့ .. အဲလိုဆိုရင် ကျွန်တော်က ကျွန်တော့်အလုပ်အောင်မြင်ဖို့အတွက် ခင်ဗျားကိုမှီခိုလိုက်သလိုမဖြစ်သွားဘူးလား "
" ခင်ဗျားက ကျွန်တော့်ကိုအများကြီးကူညီပေးထားပြီးပြီလေ ဒီတော့ ကျွန်တော်က ကျွန်တော့်ဘာသာဖြေရှင်းဖို့တွေးလိုက်ရုံလေးပါပဲ"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer