Unicode
ရှန်ချင်းရှု အိမ်ကိုပြန်ရောက်ပြီး သိပ်မကြာသေးတဲ့အချိန်မှာပဲ ရှန်မားမားထံမှ video callခေါ်လာတာကိုလက်ခံလိုက်ရတယ်။ ရှန်ချင်းရှုကတော့ ချက်ချင်းပဲ ငြင်းပယ်လိုက်တယ်။
ခဏကြာတော့ ရှန်ပါးပါးကပါ သူ့ကိုထပ်ခေါ်လာပြန်တယ်။
ရှန်ချင်းရှု ထပ်မံချလိုက်ပြန်တယ်။
နောက်တစ်ခါဖုန်းခေါ်လာချိန်မှာတော့ ရှန်ချင်းရှုပြန်ဖြေဖို့ရွေးချယ်လိုက်ပေမယ့် ရှန်မားမားရဲ့အသံကိုပဲကြားလိုက်ရတာကြောင့် ထပ်ပြီးဖုန်းချလိုက်ပြန်တယ်။
"ထူးဆန်းလိုက်တာ.. သူတို့တွေ ဒီနေ့မှ ဘာလို့ဒီလောက်တောင်ဇွဲကောင်းနေကြတာလဲ.. ကျွန်တော့်အဖေကတောင် wechatကနေစာတွေပို့နေတယ်။
“မင်းအဖေက မင်းကို wechatက ပို့တာထူးဆန်းလို့လား"
ဟန်ချောင် ပြန်မေးလိုက်တယ်။"ခင်ဗျားနားမလည်ပါဘူး"
ရှန်ချင်းရှု သူ့ကို ပြန်ဖြေရှင်းလိုက်တယ်။" ကျွန်တော့်အဖေက မျက်နှာသာအရမ်းလိုချင်တဲ့လူလေ.. သူ့သားကိုအိမ်ပြန်လာဖို့ တောင်းပန်မယ့်အစား သူ့ကိုသတ်သွားတာကိုပဲ ရွေးချယ်လိမ့်မယ်"
" မင်းပြန်မလာတာ အရမ်းကြာနေလို့မဖြစ်နိုင်ဘူးလား.. တရုတ်နှစ်သစ်ကူးကိုရောက်တော့မှာဆိုတော့ သူမင်းကိုလွမ်းနေမှာပေါ့"
ဟန်ချောင် ခန့်မှန်းကြည့်လိုက်တယ်။ရှန်ချင်းရှုကတော့ ခေါင်းကိုခါရမ်းနေဆဲပဲ။
"အဲလောက်ထိ မရိုးရှင်းနိုင်ဘူး"သူတွေးတောကြည့်နေတုန်းမှာပဲ နောက်တစ်ကြိမ်ဖုန်းမြည်လာပြန်တယ်။ ရှန်ချင်းရှုငုံ့ကြည့်လိုက်တော့ ဒီတစ်ခါခေါ်လာတဲ့သူက ရှုချီပဲ။
ဒီလိုအချိန်မျိုးမှာ ရှုချီက သူ့ကိုဘာလို့ခေါ်ရတာလဲ?
"ဟဲလို"
"ဟေး ရှန်ချင်းရှု.. ငါပါ ရှုချီ"
"ငါသိတယ်"
ရှန်ချင်းရှု ပြန်ဖြေလိုက်တယ်။"မင်း ဘာလိုချင်လို့လဲ"
“မင်းနဲ့ဟန်ချောင်တို့ ဒီနေ့ မင်းအမေကိုတွေ့ခဲ့တာလား"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
FantastikAuthor(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်