Zawgyi
နှုတ်ဆက်အနမ်း & ကျွန်တော်အကုန်လုံးကိုသိတယ် ,မျက်ရည်တွေစီးကျလာပြီ
သို့ပေမယ့် နှစ်သစ်ကူးဖို့က လအနည်းငယ်လောက်ဝေးသေးတယ်လေ။ ဒီတော့ ရှန်ချင်းရှု အများကြီးမတွေးတော့ဘဲ ထိုအချိန်ကိုရောက်မှ စကားပြောကြည့်ဖို့စီစဉ်ထားတယ်။
အရာအားလုံးက အဆင်ပြေသွားပါလိမ့်မယ်။ အလွန်အကျွံတွေးတာက အသုံးမဝင်ဘူးလေ။ သူအွန်လိုင်းပေါ်ကနေ အင်တာနက်အသုံးပြုသူတွေနဲ့ နှစ်သစ်ကူးပွဲကို ကျော်ဖြတ်လိုက်ရင်လည်း အဆင်ပြေတာပဲဟာ။
အင်တာနက်က လူတိုင်းကိုပျော်ရွှင်စေတဲ့ရေလှိုင်းကြီးပဲ!
ဟန်ချောင် variety showအကြောင်းကို မေးမြန်းကြည့်ပြီးနောက် တစ်စုံတစ်ခုကိုတွေးတောပြီး ပြန်မေးလိုက်တယ်။
" မင်းရဲ့စာအုပ်ကရော အဆုံးသတ်ဖို့နီးပြီလား"
"မကြာတော့ဘူး"
ရှန်ချင်းရှု အတည်ပြုပေးလိုက်တယ်။ဒါကိုတွေးကြည့်ရင် သူနည်းနည်းလောက်အကူအညီမဲ့သလိုခံစားရတယ်။ ပုံမှန်သာတိုရင် သူ"အဲဒီည"ကိုတစ်ပတ်အတွင်းမှာအပြီးသတ်ဖို့စီစဉ်ထားတာ။ ရလဒ်ကတော့ နောက်ထပ်တစ်ပတ်လောက်အချိန်ထပ်ယူရဦးမယ့်ပုံပဲ။
ရှန်ချင်းရှု နည်းနည်းလောက်ရှက်ရွံ့အားနာမိပေမယ့် သူ့ရဲ့စာဖတ်သူတွေကတော့ ချစ်မြတ်နိုးနေကြတုန်းပဲ။ သူတို့က မှတ်ချက်နေရာမှာ အော်ဟစ်လာကြတယ်။
"လက်ထပ်တာက အဆုံးသတ်မဟုတ်သေးဘူး လက်ထပ်တာက အပြီးသတ်အဆုံးမဟုတ်သေးဘူး"
ကားနတ်ဘုရားကလည်း ဒုံးပျံဂိတ်အခု,နှစ်ဆယ်တိုက်ရိုက်ပို့ပေးလာကာ နောက်ထပ်စာအုပ်ကိုလည်း ထိုစုံတွဲနဲ့ပဲဖတ်ချင်ကြောင်း အရိပ်အမြွတ်ပြောလာခဲ့တယ်။
"မင်း နောက်တစ်ပုဒ် ဘယ်ဟာကိုရေးမှာလဲ"
ဟန်ချောင်က ဆက်မေးလာတယ်။"တက္ကသိုလ်အချစ်ဇာတ်လမ်းရေးမလို့"
ရှန်ချင်းရှု ချီတုံ့ချတုံ့နဲ့ပဲပြန်ဖြေတယ်။"BLပဲလား"
"ဟုတ်တယ်"
"ချောင်ဟန်နဲ့ ဆုချင်းပဲလား"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasi_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer