Zawgyi
ကောင်းကင်ဘုံမှာဆိုရင် အတူပျံသန်းချင်တဲ့ ငှက်မောင်နှံတွေဖြစ်ချင်ပြီး ကမ္ဘာမြေပေါ်မှာဆိုရင်တော့ လှောင်အိမ်တစ်ခုတည်းမှာ အတူရှိနေတဲ့ ကြက်စုံတွဲဖြစ်ချင်တယ်(3)
ဒါကတကယ့်ကို သူ့ရဲ့ပထမဆုံးအကြိမ်ရိုက်ကူးတာပါဆို! လုံးဝကိုအတွေ့အကြုံမရှိသေးဘူးလို့! သူတကယ့်ကို ခင်ဗျားရဲ့သင်ကြားမှုလိုအပ်နေတာ!
အခု အဲဒီကလေးကဝါရင့်နေတဲ့အနုပညာရှင်တစ်ယောက်လို သရုပ်ဆောင်သွားပြီး အသစ်နဲ့လုံးဝကိုမတူတာအတွက်ကတော့ .. သူလည်းမသိဘူးလို့။
ဒါက သူတို့ရဲ့မင်းသားလေးက ဒီလိုနေရာမျိုးအတွက် သဘာဝကျကျကို သင့်တော်နေလို့များလား? ကျိုးကျင်းမင် မသေမချာနဲ့ ခန့်မှန်းနေခဲ့တယ်။
အလုပ်ကြိုးစားပြီး အရည်အချင်းရှိတယ်။ ဘုရားရေ.. ဒါက SSRကြီးပဲ!
(T/n__ SSR ဆိုတာက card ကစားတဲ့ gameတွေထဲမှာ အမြင့်မားဆုံးနဲ့အရှားပါးဆုံးသောအမျိုးအစားကိုပြောချင်တာပါ
အရှည်ကတော့ Superior Super Rare ဖြစ်ပြီး သူ့ကိုရရှိနိုင်ဖို့ 1%ပဲရှိပါတယ်)
စမြင်ကာစတုန်းက သူ့ကိုအမှိုက်သာသာမင်းသားငယ်လေးလို့ထင်ကြေးပေးမိခဲ့တာ။ မမျှော်လင့်ပဲ ထီးနန်းကိုအပိုင်သိမ်းနိုင်မယ့်သူဖြစ်နေခဲ့တာပဲ!
အရမ်းမိုက်တယ်! ငါ့ရဲ့အရှင်သခင်လေး!
မနီးမဝေးမှာရပ်နေတဲ့ ဆန်းရွှမ်ကတော့ မြင်ကွင်းကောင်းမယ့်နေရာကိုရွေးချယ်ပြီး သူ့ရဲ့ချစ်သူက ရှန်ချင်းရှုရဲ့မျက်နှာကိုရိုက်မယ့်အချိန်ကို စိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်။ ရလဒ်ကတော့ သူစိတ်အားထက်သန်စွာစောင့်ဆိုင်းနေတဲ့မြင်ကွင်းက ပေါ်မလာခဲ့ဘဲ သူ့ချစ်သူကောင်မလေးရဲ့မျက်နှာကသာ ကသိကအောင့်ဖြစ်စွာနဲ့ ပြာနှမ်းလာခဲ့တယ်။
ဒါမဖြစ်နိုင်ဘူး!
ဒီလိုဟာမျိုးက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?!
ဆန်းရွှမ် မယုံကြည်နိုင်ဖြစ်နေပေမယ့်လည်း မျက်မြင်ကိုယ်တွေ့မြင်နေရတဲ့ သက်သေတွေကြောင့် ရွေးချယ်စရာမရှိဘဲ ယုံကြည်လိုက်ရတယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Viễn tưởng_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer