Unicode
ခရစ်စမတ်စ် လက်ဆောင်& ဟန်ချောင်ရဲ့လူသိရှင်ကြားသေဆုံးမှုဇာတ်ဝင်ခန်း
ရှန်ချင်းရှု ညအိပ်ယာမဝင်ခင် ယနေ့ဖြစ်ပျက်ခဲ့သမျှကိစ္စတွေအားလုံးကို ဟန်ချောင်ထံသို့အစီရင်ခံတင်ပြချိန်မှာတော့ ဟန်ချောင်တစ်ယောက် သူ့ရဲ့ဂုဏ်ပုဒ်အဆင့်အတန်းနဲ့ပတ်သက်ပြီး မကျေမနပ်ပြောလေတော့တယ်။
"ကိုယ်လည်း ကိုယ့်အတွက်သေပေးဖို့အထိတောင် ဆန္ဒရှိလောက်တဲ့အထိ ကိုယ့်ကိုချစ်ပေးတဲ့လူတစ်ယောက်လိုချင်တာပေါ့ ..ကိုယ်လည်းသူ့တို့ကိုအထက်စီးကနေ ပြောပြချင်တယ်လေ"
ရှန်ချင်းရှု:???
“ ခင်ဗျားကိုအရမ်းချစ်ပေးတဲ့ ဒီရည်းစားလေးက ခင်ဗျားကိုစိတ်ကျေနပ်စေဖို့ မလုံလောက်သေးဘူးလား"
“အမှန်ပဲ"
ဟန်ချောင် ပြန်ပြောလာတယ်။"ရည်းစားလေးက လုံလုံလောက်လောက် မရူးသွပ်သေးဘူးလေ.. လုံလောက်အောင်လည်း ခက်ခက်ခဲခဲမကြိုးစားပေးဘူး ၊ လုံလောက်တဲ့အထိလည်း မတက်ကြွသေးဘူး ..နောက်ပြီး သူ့ရဲ့အချစ်တွေအပေါ် ကိုယ့်ရဲ့အကူအညီမဲ့မှုတွေ ၊ မတုန်မလှုပ်အမူအယာတွေကိုလည်း မီးမောင်းထိုးမပြနိုင်သေးဘူး"
“ ကိုယ်က ကောင်းကင်ယံအမြင့်မှာရှိနေတဲ့ သူမျိုး၊ အေးစက်ပြီး လက်လှမ်းမမှီနိုင်တဲ့သူလိုမျိုး ထူးကဲတဲ့ကာရိုက်တာဒီဇိုင်းမျိုး ဖြစ်ချင်တာ .. လူတိုင်းလိုချင်နေတဲ့ တစ်စုံတစ်ယောက်လိုမျိုးလေ"
ရှန်ချင်းရှု:... ခင်ဗျားလိုချင်တာတွေများနေပြီနော်
"မဖြစ်နိုင်တာတော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒီဖျော်ဖြေပွဲအတွက် ပစ်မှတ်ကဘယ်သူလဲ"
ဟန်ချောင်:....
ဟန်ချောင် ခဏလောက်တိတ်ဆိတ်သွားခဲ့တယ်။ ပြီးနောက်မှာတော့ အမှန်တကယ့်ကို သင့်တော်တဲ့ပရိသတ်မရှိတာကို သိလိုက်ရတယ်လေ။
ရှန်ချင်းရှုရဲ့မိသားစုက မူလဇာတ်ညွှန်းအတိုင်း ဆက်သွားရလိမ့်မယ်။
သူ့ရဲ့သူငယ်ချင်းတွေကလည်း သူတို့ရဲ့ပထမဗားရှင်းကို ကြည့်ရှုပြီးသွားပြီ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Viễn tưởng_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer