Unicode
ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပေးပါရစေ.. ကျွန်တော်ကတော့ သူ့ရဲ့ချစ်သူကောင်လေးပါ
ဟန်ချောင်တစ်ယောက် ညနေပိုင်းမှာ အချိန်ပိုဆင်းနေရသေးတဲ့အတွက် (7)နာရီထိုးပြီးချိန်မှသာ အိမ်ကိုပြန်ရောက်ခဲ့တယ်။
သူတံခါးကို ဖွင့်လိုက်တော့ အမှောင်ထဲမှာတောက်ပနေတဲ့ အလင်းဖျော့ဖျော့လေးကိုမြင်လိုက်ရတယ်။
အရင်တုန်းက ရှန်ချင်းရှုရှိနေတဲ့အချိန်တွေမှာ သူအများကြီးမတွေးမိခဲ့ဘူး။
လက်ရှိ ထိုသူထွက်သွားပြီး ပြန်လာချိန်မှာတော့ သူ့အခန်းထဲမှ မီးအလင်းရောင်လေးကိုမြင်လိုက်ရချိန်မှာ သူ့ရဲ့အိမ်မှာ လူတစ်ယောက်ရှိနေတဲ့ ဒီလိုခံစားချက်က တကယ့်ကိုကောင်းမွန်လွန်းတယ်လို့ ဟန်ချောင် တွေးမိသွားတယ်။
သူဖိနပ်ကိုလဲလိုက်ကာ အထဲကိုလှမ်းဝင်ရင်း အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ ရှန်ချင်းရှုက သူရင်းနီးနေကျအနေအထားလေးအတိုင်း ရှိနေလေရဲ့။
"ရေးလို့မပြီးသေးဘူးလား"
ဟန်ချောင် လှမ်းမေးလိုက်တော့ ရှန်ချင်းရှုကခေါင်းညိတ်ရင်းဖြေလာတယ်။
"နည်းနည်းလေး တွေးရခက်နေလို့"
"ဒါက ရှားပါးတာပဲ .. ပုံမှန်ဆိုရင်လည်း မင်းမှာစဥ်းစားမရတာမျိုးတွေရှိတာပဲလား"
"ဘယ်လိုစာရေးဆရာကများ စာရေးသူတွေကြုံရတဲ့ အတားဆီးမရှိလို့လဲ..အဆင်ပြေပါတယ်.. ကျွန်တော် ဒါကိုတွေးတောဖို့ အချိန်နည်းနည်းလောက်ပိုသုံးရရုံပါပဲ"
ရှန်ချင်းရှု အိပ်ယာထဲကထွက်ကာ ဟန်ချောင်ထံသို့လျှောက်သွားလိုက်တယ်။"ခင်ဗျား ဟင်းချက်နေတာလား ကျွန်တော်ဗိုက်ဆာနေပြီ"
ဟန်ချောင် ရည်ရွယ်ချက်ရှိရှိ သက်ပြင်းချပြလိုက်တယ်။
"ကိုယ်ကမင်းရဲ့ဒရိုက်ဘာလား မင်းရဲ့စားဖိုမှူးလား.. ကိုယ်က ကားထဲမှာရှိနေတဲ့အချိန်မှာတောင် မင်းကိုအစာကျွေးမွေးနေရတယ်.. အခု ကားထဲကထွက်လာပြန်တော့လည်း မင်းကိုအစာကျွေးရပြန်တယ်"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Фэнтези_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer