Unicode
သူက တကယ့်ကို တွယ်ကပ်တတ်တဲ့ကောင်လေးပဲ
သူ ထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်ပြီး ဟန်ချောင်နဲ့အတူ ကားထဲမှထွက်လိုက်တယ်။
ရှန်ချင်းရှုမှာ မွန်းလွဲပိုင်းအတွက်ရိုက်ကူးရမယ့်ဇာတ်ဝင်ခန်းရှိတာကြောင့် ရိုက်ကူးရေးမစခင်မှာ လည်ဆွဲကိုဖြုတ်ပေးဖို့ ဟန်ချောင်ကို အကူအအညီတောင်းလိုက်ရတယ်။
ဟန်ချောင် လူငယ်လေးက လည်ဆွဲကိုဘူးထဲသို့ ဂရုတစိုက်ပြန်ထည့်နေတာကိုကြည့်လိုက်တယ်။ သူ့ရဲ့ လည်ဆွဲလေးကိုချစ်မြတ်နိုးမဝဖြစ်နေတဲ့အမူအယာလေးကိုကြည့်ရင်း ဟန်ချောင်ရဲ့နှလုံးသားထဲမှာပျော်ရွှင်မှုတွေပြည့်နှက်သွားရတယ်။
သူ လည်ဆွဲဝယ်ယူတုန်းက လူသိရှင်ကြားအရှက်ကွဲခဲ့ရမှုကြီးကြောင့် ခေါင်းခဲရပေမယ့်လည်း ရလဒ်ကတော့ တော်တော်လေးကောင်းမွန်တာပဲလေ။ ဒီလည်ဆွဲကို ဝယ်ခဲ့ရတာတန်ပါတယ်။
ကျိုးကျားမင်းကို ကျေးဇူးတင်ပါတယ်!
သူ့ရဲ့ရည်းစားအသစ်လေးကိုလည်း ကျေးဇူးတင်ပါတယ်!သူက ရှန်ချင်းရှုကိုအဖော်ပြုပြီး ရိုက်ကူးရေးအဖွဲ့ထဲမှာအချိန်ကြာကြာနေခဲ့ပြီး ညစာစားပြီးချိန်မှာတော့ ပြန်သွားခဲ့လေတယ်။
ထိုအမျိုးသားရောက်လာပြီး အလျင်စလိုပြန်သွားတာကိုမြင်ရတော့ ပိုင်ရွှယ်ကောတစ်ယောက် အကူအညီမဲ့စွာသက်ပြင်းချလိုက်မိတယ်။
"ဒါက အချစ်ပဲ..ကြည့်ပါဦး ဒီနေ့လေးအတွက် သူလမ်းမှာပေါ်မှာအချိန်ဘယ်လောက်တောင် ဖြုန်းတီးလိုက်ရမလဲ!"
ဒီတော့ ဟန်ချောင့်ကိုအခွင့်အရေးတစ်ခုလောက်ပေးကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲ?
သူရှန်ချင်းရှုကိုကြည့်လိုက်တယ်။ရှန်ချင်းရှုလည်းပဲ သူ့မှာခက်ခဲတဲ့အချိန်ကိုရောက်နေရပြီလို့ ခံစားလိုက်ရတယ်။ ဒီအချိန်မှာ သူလည်ဆွဲကိုမဝတ်ထားဘူးဆိုပေမယ့်လည်း မာဖလာကိုတော့ ပတ်ထားတုန်းပဲလေ။ ဒါကြောင့် သူ့လည်ပင်းက မာဖလာကိုထိတွေ့ရင်းနဲ့ ပိုင်ရွှယ်ကောကိုပြန်မေးလိုက်တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer