(96.1) 🍀ဘယ်သူကမနာလိုဖြစ်နေလို့လဲ! ခင်ဗျားကသာ မနာလိုတာ!
ပိုင်ကျန်း ဘယ်နေရာမှာစားရမလဲဆိုတာကို ပို့ပေးလာတယ်။ နန်ဝူလမ်းပေါ်မှ ကျို့အန်းစားသောက်ဆိုင်ဖြစ်ပြီး အချိန်က ညနေငါးနာရီဖြစ်လေတယ်။ ထိုသီးသန့်စားသောက်ဆိုင်က ratingလည်းမြင့်မားတယ်လေ။ စျေးနှုန်းကလည်းမြင့်မားတဲ့အတွက် ချွတ်ယွင်းချက်လည်းမရှိနိုင်ဘူး။
ရှန်ချင်းရှု အနည်းငယ်တွေးတောနေပေမဲ့ ဟန်ချောင်ကတော့ဂရုမစိုက်လေဘူး။
"ကိုယ် သူ့ကို ဟိုတယ်လိုက်ပို့ပေးတုန်းက (4000)ကျော်လောက်ကုန်ထားတာ"
"ဒါဆို သူ့ကိုဘာလို့ ရဲစခန်းဆီ မပို့ပေးလိုက်တာလဲ"
ရှန်ချင်းရှု သူ့ကိုပြန်မေးလိုက်တယ်။"ကိုယ်က အဲဒီနားမှာနေတာ မဟုတ်ဘူးလေကွာ.. ရဲစခန်းဘယ်မှာရှိမယ်ဆိုတာကို ဘယ်လိုလုပ်သိနိုင်မှာလဲ..ဒါကြောင့် အိမ်ပြန်တဲ့လမ်းပေါ်က ဟိုတယ်မှာပစ်ချပေးခဲ့တာ.. မဟုတ်ရင် ကိုယ်လမ်းကြောင်းလိုက်ရှာနေရမှာပေါ့.. ပြီးရင် ရဲစခန်းကအရာရှိတွေဆီမှာလည်း အခြေအနေတွေကို ရှင်းပြပေးနေရဦးမယ်.. လမ်းတွေထပ်ပြီးရှည်နေဦးမှာ.. သူက ဘာမို့လို့လဲ.. ဘာလို့ကိုယ်က အဲဒီစိတ်ပျက်စရာအမှိုက်ရှုပ်လိုကိစ္စကိုလိုက်လုပ်ပေးနေရမှာလဲ?"
ရှန်ချင်းရှု:.... ဒါက တကယ်ကို ဟန်ချောင်ရဲ့ကာရိုက်တာမျိုးပဲ။
"စိတ်မပူပါနဲ့ နောက်တစ်ကြိမ် မင်းမူးအောင်သောက်ခဲ့ရင်..."
"ခင်ဗျား ကျွန်တော့်ကို ရဲစခန်းဆီခေါ်သွားမှာလား"
ရှန်ချင်းရှုဖြတ်မေးလိုက်တယ်။"ကိုယ်က ဘာလို့မင်းကိုရဲစခန်းဆီခေါ်သွားရမှာလဲ? အိမ်ကိုပဲခေါ်သွားမှာပေါ့ ကိုယ်တိုင် မင်းကိုဂရုစိုက်ပေးပြီး မင်းသက်သာလာအောင်ပြုစုပေးမှာ"
ဟန်ချောင်ရဲ့မျက်နှာက အပြုံးရိပ်စွန်းထင်းနေတယ်။ရှန်ချင်းရှု:... ကျေးဇူး!
သူ ဟန်ချောင်ကိုစိုက်ကြည့်ပြီး ပြတင်းပေါက်အပြင်ဘက်ကိုလှည့်ကြည့်လိုက်တယ်။ သူ့အနေနဲ့ သူ့ရဲ့အိပ်မက်နဲ့ ဟန်ချောင်ရဲ့စကားကို ပြန်မတွေးဘဲမနေနိုင်ဘူး__"မင်းက ကိုယ်သူ့ကိုကြိုက်တယ်လို့ထင်နေတာလား?"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer