Zawgyi
အခုတော့ .. ရှန်ချင်းရှု လုံးဝကို မလှုပ်ရဲတော့ဘူး!
ရှန်ချင်းရှုကတော့ ဟန်ချောင်က လုပ်စရာရှိသေးတယ်လို့ စာပို့လာတဲ့အချိန်မှာ အများကြီးတွေးတောမနေတော့ဘဲ Wechatထဲမှပြန်ထွက်လိုက်ကာ ဂိမ်းကစားနေလိုက်တော့တယ်။
ဆန်းရွှမ် စတူဒီရိုထဲကိုဝင်လာတော့ မနီးမဝေးမှာရှိနေတဲ့ ရှန်ချင်းရှုကိုတွေ့လိုက်ရတယ်။
"အဲဒါသူလား"
သူ သူ့ရဲ့အေးဂျင့်ကျန်းခိုင်ကိုမေးလိုက်တယ်။ကျန်းခိုင်က ခေါင်းညိတ်ပြလာတယ်။
"အမ်း"
ဆန်းရွှမ် မကျေမနပ်နဲ့ နှာမှုတ်လိုက်တယ်။
" သူက ဘာမှမဟုတ်ဘဲနဲ့ ဒီလိုအခွင့်အရေးကြီးကို ကံကောင်းပြီးရသွားတာပဲ"ကျန်းခိုင်ကလည်း ထိုသို့ပဲထင်တယ်။ ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် TV ဒရမ်မာတွေက ထိပ်တန်းအဆင့်အနုပညာရှင်တွေနဲ့ တွဲဘက်ခြင်းမရှိဘူး။ ဒီတော့ ဒုတိယအဆင့်ရှိတဲ့အနုပညာရှင်တွေက အရန်ဇာတ်ကောင်တွေနေရာမှာ သရုပ်မဆောင်ချင်တာကြောင့် နှုတ်ထွက်လေ့ရှိတယ်။ ခေါင်းဆောင်မင်းသားနေရာအတွက်ကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်ဖြစ်ရမယ်။ ဒါပေမယ့် အရန်ဇာတ်ကောင်တွေအတွက်ကတော့ တတိယအဆင့်အောက်ဘက်မှာရှိတဲ့ အနုပညာရှင်တွေပဲ။
( T/n __ hmm နည်းနည်းရှုပ်နေမယ်ထင်တယ်။ ပြောချင်တာက အဲဒီ TV drama လိုင်းတွေက ပထမအဆင့်မှာရှိတဲ့ အနုပညာရှင်ကိုပဲ ခေါင်းဆောင်မင်းသားနေရာပေးပြီး ဒုတိယအဆင့်လောက်ကို အရန်နေရာတွေမှာပဲထည့်တယ်ထင်တယ်။ ဒုတိယအဆင့်အနုပညာရှင်တွေကလည်း ထိပ်တန်းအနုပညာရှင်တွေပဲဆိုတော့ အရန်နေရာမျိုးမှာမပါဝင်ချင်တဲ့အတွက် ဒီရုပ်သံလိုင်းတွေနဲ့ တွဲမလုပ်ဘူးလို့ ဆိုလိုတာလို့ထင်ပါတယ်)
ထိပ်ဆုံးမှာရှိနေတဲ့ ပိုင်ရွှယ်ကောရဲ့အခြေအနေကတော့ လုံးဝကို အထူးအနေအထားမှာရှိနေတယ်။
သူက (17)နှစ်ပဲရှိသေးပြီး အတော်လေးငယ်ရွယ်သေးတယ်။ ဒီလိုအသက်အရွယ်မျိုးက တက္ကသိုလ်အိုင်ဒေါဒရမ်မာတွေနဲ့ လိုက်ဖက်တဲ့တွဲစပ်မှုပဲလေ။ သူနဲ့အတူတွဲဘက်ပြီး သရုပ်ဆောင်ရမယ့် အရန်ဇာတ်ကောင်တွေကတော့ သူ့ကိုကျော်လွှားပြီး အောင်မြင်လာမှာမဟုတ်တာကတော့ ကံဆိုးတဲ့အချက်ပဲ။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasia_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer