Unicode
9:30ကို ရောက်ရှိချိန်မှာတော့ ရှန်ချင်းရှုနဲ့ ချွေ့ဟောင်တို့ ရိုက်ကူးရေးနေရာကိုအတူတကွဝင်လာခဲ့ကြတယ်။
ဒါက သူတို့တွေ ပထမဆုံးအကြိမ်စင်တစ်ခုတည်းမှာအတူရှိနေတာပဲ။ ပရိသတ်တွေကတော့ အံ့သြသင့်နေကြလေရဲ့။ အဆုံးမှာ ဒီရာသီပွဲစင်မှာ အနုပညာရှင်သုံးဦးပဲပါရှိတာလေ။
[ ဝိုး ငါတို့တွေ ဆုလျို့လျို့ပဲလိုတော့တယ် သူမသာရောက်လာရင် သူတို့ဘက်က အနုပညာရှင်သုံးယောက်ဖြစ်သွားပြီး ဧည့်သည်ဟောင်းတွေနဲတိုက်တော့မှာ]
[ငါကတော့ ဒီအနုပညာရှင်တွေက အရေးသာနေတုန်းပဲလို့ထင်တယ် ရှန်ချင်းရှုကိုထည့်မပြောနဲ့ဦး ချွေ့ဟောင်ကတောင် တခြားည့်သည်တွေထက်ပိုကောင်းနေတာလေ]
[ အဓိပ္ပာယ်မရှိတာတွေပြောနေတာမဟုတ်ဘူးလား? သူတို့တွေက ကြည့်မကောင်းတဲ့အနုပညာရှင်နည်းနည်းလောက်ပဲကို.. အနုပညာရှင်နဲ့ အပျော်တမ်းပညာရှင်တွေကြားထဲမှာနံရံတစ်ခုရှိနေသေးတယ်နော်]
[ဒီနေ့ချင်းချင်းက သိပ်ကိုချစ်ဖို့ကောင်းနေတော့တာပဲ ကောင်ငယ်လေးနဲ့တူတယ်!]
[ဟုတ်ပါ့ သူဝင်လာတာနဲ့ နေရောင်ခြည်တွေလင်းဖြာသွားသလိုပဲ မျက်လုံးတွေတောင်ကျိန်းတယ်]
[ငါ ရှန်ချင်းရှု စကားရည်လုနေတာကိုကြည့်တဲ့အချိန်တိုင်း သူစကားရည်လုနေတာကိုကြည့်ရတာအပြင် ငါက သူ့မျက်နှာကိုပါကြည့်ချင်နေတော့တာပဲ ဟားဟားဟား ... မျက်စိအစာကျွေးရဦးမယ်လေ]
ဟန်ချောင် barrageပေါ်မှ ရှန်ချင်းရှုအတွက်သက်တံ့ရောင်လေတွေကိုကြည့်ပြီး ကွန်ပျူတာရှေ့မှာ ခေါင်းတညိတ်ညိတ်လုပ်နေလေရဲ့။ ကောင်းပြီ။ သူ့ရဲ့ပြိုင်ကားလေးက ဘယ်နေရာကိုရောက်ရောက် အာရုံစိုက်ခံရလောက်အောင်ကို ထူးချွန်လွန်းနေတာကိုး!
ထိုညမှာတော့ ချွေ့ဟောင်က ပထမပွဲစဥ်မှာ အသေးစိတ်ကျစွာပြောဆိုခဲ့ပြီး ရှန်ချင်းရှုကတော့ နောက်ပိုင်း ဖရီးပွဲစဥ်ကို အဓိကစကားစစ်ထိုးခဲ့တယ်။ လူနှစ်ယောက်ကတော့ သူတို့ရဲ့တိုက်ခိုက်မှုစွမ်းရည်တွေကိုပူးပေါင်းလိုက်ပြီ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
FantasyAuthor(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်