(82) လူရွေးပွဲကို အောင်မြင်ခြင်း & ဇာတ်လိုက်ရှို့ ပေါ်လာပြီ

3.3K 582 21
                                    

Unicode

လူရွေးပွဲကို အောင်မြင်ခြင်း & ဇာတ်လိုက်ရှို့ ပေါ်လာပြီ

'အချိန်ကိုအဓ္ဓမလုယူခြင်း'သည်ကား စာပေနဲ့အနုပညာရသတွေပါဝင်နေတဲ့ စီးပွားရေးရုပ်ရှင်ကားကြီးပါပင်။ ထိုရုပ်ရှင်ထဲမှာ အဓိကသရုပ်ဆောင်သုံးဦးပါဝင်ပြီး ဇာတ်လိုက်လီဟွိုက်ယန်း ၊ ဒုတိကဇာတ်ဆောင် လော်ရိနဲ့ ဗီလိန် ကျိုးဟွမ်တို့ပဲဖြစ်တယ်။

ရှန်ချင်းရှု လော်ရိဇာတ်ကောင်အတွက်လူရွေးပွဲဝင်ပြိုင်ခဲ့တယ်။

တကယ်တမ်းမှာ ဒီကာရိုက်တာက ဗီလိန်ဇာတ်ကောင်ကျိုးဟွမ်ရဲ့အခန်းတွေလောက်တောင်မများဘူး။ ဒါပေမဲ့ ကာရိုက်တာရဲ့ အရေးပါမှုတွေနဲ့ ဒါရိုက်တာရဲ့အချစ်တွေကြောင့် သူက ဒုတိယဇာတ်လိုက်အနေနဲ့ ကျိုးဟွမ်ကိုချည်နှောင်နိုင်လိမ့်မယ်။

ရှန်ချင်းရှု ထွက်မလာခင်မှာ ကျိုးကျင်းမင်က ဒါရိုက်တာကျန်းဆီကို အထူးတလည်ဆက်သွယ်ပြီး ထိုလူရွေးပွဲရဲ့ဇာတ်ညွန်းကိုရနိုင်မလားဆိုပြီး မေးမြန်းခဲ့တယ်။

ရလဒ်ကတော့ ဒါရိုက်တာကျန်းက:
"မင်းတို့ရောက်လာတဲ့အထိစောင့်ဦး"လို့ပြောခဲ့တယ်လေ။

"သူတို့တွေ မင်းရဲ့ လက်တန်းသရုပ်ဆောင်နိုင်မှုနဲ့ အလိုက်သင့်ပြုမူနိုင်တဲ့အရည်အချင်းတွေကို စမ်းသပ်လောက်တယ်"
ကျိုးကျင်းမင် ရှန်ချင်းရှုကိုသတိပေးလိုက်တယ်။

ရှန်ချင်းရှု ခေါင်းညိတ်လိုက်ပေမဲ့ ဂရုစိုက်နေခြင်းမရှိပါဘူး။

သူက သူ့ရဲ့အလုပ်အပေါ်မှာ အမြဲတမ်းကောင်းမွန်တဲ့စိတ်သဘောထားရှိတတ်တယ်လေ။ သူရဲ့ဘဝတစ်ခုကုန်ဆုံးသွားရပြီး ကံကောင်းထောက်မစွာနဲ့ ဒုတိယအခွင့်အရေးရလာချိန်ကတည်းကပေါ့။ အခုချိန်မှာ သူကအောင်မြင်စပြုလာပြီ။ သူ့ရဲ့လက်ထဲကိုကောင်းမွန်တဲ့ဇာတ်ညွှန်းတွေ တစ်ခုပြီးတစ်ခုရောက်ရှိလာလိမ့်မယ်။ ဒီတော့ ဒီလူရွေးပွဲမအောင်မြင်ခဲ့ရင်တောင် သိပ်ကြီးကြီးမားတဲ့ကိစ္စမဖြစ်နိုင်ဘူး။

ဒါကြောင့် ရှန်ချင်းရှု ရေချိုးပြီးသက်သောင့်သက်သာရှိစေမဲ့ အဝတ်အစားတွေကိုလဲလိုက်ကာ စောင်ထဲကိုတိုးဝင်လိုက်တယ်။ နောက်တစ်နေ့မှာ ဒါရိုက်တာကျန်းနဲ့တွေ့ဖို့ခွန်အားအပြည့်ရှိနေဖို့လိုအပ်လိမ့်မယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now