Zawgyi
ပါးရိုက်ဖော်လေးရေ ငါတို့ထပ်တွေ့ရပြန်ပြီနော်
ချင်းယင်ယန်လည်း မတ်တပ်ထရပ်လိုက်တယ်။
" မင်းက အိပ်ပျော်နေတာလေ နောက်ပြီး ဒါက မင်းနဲ့မှမဆိုင်တာ.. ရှန်ချင်းရှုရဲ့အေးဂျင့်ကလည်း အဖွဲ့သားတွေနဲ့ ရလဒ်ကောင်းရဖို့အတွက် ဆွေးနွေးခဲ့သေးတယ် အရေးမပါတဲ့အရာတွေကို ဝင်မပါစမ်းပါနဲ့"
ပိုင်ရွှယ်ကော အထင်အမြင်သေးစွာနဲ့ ရယ်မောလိုက်တယ်။
"ခင်ဗျား လာနောက်နေတာလား? ကျွန်တော်ကမှ ဒုက္ခများရမယ့်လူလေ .. ဒါ့အပြင် ရှန်ချင်းရှုက ကျွန်တော့်ရဲ့အနာဂတ်သားမက်လောင်းပဲ သူတို့တွေက ကျွန်တော်ရှိနေတဲ့ ရိုက်ကူးရေးထဲမှာ ကျွန်တော့်သားမက်ကို အနိုင်ကျင့်ရလောက်အောင် သတ္တိရှိနေတာလေ!"
ချင်းယင်ယန်ကတော့ ဒီလိုရလဒ်မျိုးထွက်လာမယ်ဆိုတာ ကြိုသိနေပြီးသားပဲ။
"စိတ်အရင်လျှော့လိုက်ဦး ငါပြောတာကိုနားထောင် မင်းက ရှန်ချင်းရှုနဲ့ဆက်ဆံရေးကောင်းကောင်းရှိနေလို့ ကူညီချင်တယ်ဆိုပေမယ့် သူ့ကိုကူညီလိုက်လို့ဖြစ်လာမယ့် အကျိုးဆက်တွေကိုရော တွေးကြည့်ပြီးပြီလား? ဆုလော်က မင်းကိုမမုန်းတီးရဲဘူးဆိုတော့ သူမရဲ့ဒေါသကို ရှန်ချင်းရှုဆီကိုပုံချပစ်လိမ့်မယ် ..
မင်းကူညီလိုက်တာက သူ့ကိုရန်သူတွေ ပေါများစေလိမ့်မယ် မင်းက ဆုလော် သူ့ကိုပစ်မှတ်ထားတဲ့အချိန်တိုင်း အမြဲကူညီနိုင်မှာမို့လို့လား ? အဲဒီအချိန်ကျရင် ရှန်ချင်းရှုက ပိုပြီးခံစားရမှာ"
"ဘာလို့မကူညီနိုင်ရမှာလဲ"
ပိုင်ရွှယ်ကော မှန်ကန်ပြီး ယုံကြည်ချက်ပြည့်နေတဲ့လေသံနဲ့ပြောလိုက်တယ်။" လက်ထပ်ပြီးသွားတဲ့ သမီးက သွန်ချလိုက်တဲ့ရေစက်တွေမဟုတ်ဘူး ရှောင်ချီရဲ့မျက်နှာကိုထောက်ပြီး ကျွန်တော်သူ့ကိုကူညီပေးရလိမ့်မယ်"
ချင်းယင်ယန်:... မင်းက သူ့ကိုတကယ်ကြီး သားမက်လို့တွးနေတာလား!
"မင်းရဲ့အကူအညီကို ရှန်ချင်းရှု လိုချင်ရဲ့လားဆိုတာကိုရော မတွေးတော့ဘူးလား"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer