Zawgyi
'ဥက္ကဌဟန်'ဆိုတဲ့စကားလုံးက သွေးသံရဲရဲနဲ့ မတော်တဆမှုကို အစပျိုးပေးလိုက်တယ်
ဟန်ချောင်က ကားပါကင်ထဲမှ အဝေးကိုမောင်းနှင်ပြီးတဲ့အချိန်ထိစောင့်ပြီးမှ ရှန်ချင်းရှုကို မယုံသင်္ကာမျက်ဝန်းနဲ့ကြည့်လာတယ်။
"မင်းနဲ့ အဲဒီလီဟွေ့ ..."
"သူက တကယ်ကြီး ကျွန်တော့်ရည်းစားမဟုတ်ဘူးလို့!"
ရှန်ချင်းရှု အလျှင်အမြန်ကြားဖြတ်ပြောလိုက်တယ်။"တကယ်လား ဒါပေမယ့်သူနဲ့မင်းရဲ့ညီလေးပြောသွားတာက.."
"အထင်လွဲနေတာ"
ရှန်ချင်းရှု ကိုယ်ကိုယ်တိုင်လွတ်မြောက်နိုင်မယ့်ဆင်ခြေတစ်ခုကို အလျှင်အမြန်တွေးတောလိုက်ရတယ်။"အဲဒီအချိန်တုန်းက ကျွန်တော့်မွေးစားအမေနဲ့ ရှန်ချင်းယွီတို့ သူတို့ရဲ့လျို့ဝှက်ချက်ကို ဆွေးနွေးနေတာကိုကြားပြီး ထွက်ပြေးခဲ့မိတာ ..ကျွန်တော်က သူ့ရဲ့သားအရင်းမဟုတ်ဘူးဆိုတာကိုသိနေခဲ့ပေမယ့် ကလေးချင်းလဲလိုက်တာလို့တော့ မထင်ထားခဲ့မိဘူးလေ ကျွန်တော် သူတို့နှစ်ယောက်လုံးကိုစိတ်ဆိုးခဲ့ပြီး စိတ်မသက်မသာခံစားခဲ့ရတယ်.. အဲဒီနာကျင်မှုက တွေးနိုင်တာထက်တောင်ပိုတယ် .. သူကကျွန်တော့်ကိုနှစ်တွေအကြာကြီးမွေးစားခဲ့တာက သူ့ရဲ့သားအရင်းကောင်းစားစေဖို့အတွက်တဲ့လေ"
“ ကျွန်တော်အရမ်းကိုဒေါသထွက်ခဲ့သလို စိတ်တွေလည်းဆင်းရဲခဲ့ရတယ် ကျွန်တော့်ရဲ့မိဘအရင်းတွေကော မွေးစားအမေပါ ရှန်ချင်းယွီကိုပဲ ပိုချစ်ခဲ့ကြတာ.. ဒါကြောင့် စိတ်မလုံခြုံသလိုခံစားခဲ့ရတယ်.. အဲဒီအချိန် လီဟွေ့က ကျွန်တော့်ကို လိုက်နေတာလေ ..ကျွန်တော်လည်းစိတ်လုံခြုံမှုနည်းနည်းလောက်ဖြစ်ဖြစ်ရချင်လို့ သူနဲ့ဒိတ်ဖို့သဘောတူလိုက်တာ.. ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်းပဲ ကျွန်တော်ကအရမ်းဇီဇာကြောင်တတ်တဲ့လူလေ လီဟွေ့က ကျွန်တော်သဘောကျတဲ့ပုံစံမှမဟုတ်ပဲ ဒီတော့ ကျွန်တော့်ကိုကျွန်တော်လိမ်ညာပြီး သူ့ကိုပိုကောင်းပြဖို့ပဲတတ်နိုင်တော့တယ်.. လီဟွေ့က ကျွန်တော်သူ့ကိုသေလောက်အောင်ချစ်နေတယ်လို့ ယုံသွားလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ.. ရလဒ်ကတော့ သူက ကျွန်တော့်ခံစားချက်တွေကိုနားလည်မှုလွဲပြီး တခြားလူတွေနဲ့အိပ်ယာပေါ်မှာလူးလှိမ့်တော့တာပဲ"

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasía_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer