Unicode🍀
(104) ချင်းချင်းနဲ့ ဟန်ချောင်တို့ရဲ့ လူကြားထဲမှာ အချစ်တွေချပြခြင်း(PDA)၊ ပိုင်ကျန်း လိုင်းပေါ်ကဆင်းသွားပြီ
သူက ရှန်ချင်းရှုကို အချစ်တွေပြည့်နေတဲ့မျက်ဝန်းနဲ့ ကြည့်လိုက်တယ်။
"ချင်းချင်း မင်းရဲ့အလုပ်ကိုပဲ အာရုံစိုက်လို့ရတယ်နော် .. မင်းအလုပ်တွေအောင်မြင်တဲ့အချိန်ကျမှ ကိုယ့်ကိုလက်ခံပေးမလားဆိုတာကို ဆုံးဖြတ်လေ.. ဘယ်လောက်ပဲကြာပါစေ ကိုယ်မင်းကိုစောင့်နေမှာပါ"
"ဒါက အရမ်းရက်စက်သလိုဖြစ်မနေဘူးလား"
ရှန်ချင်းရှုက သူပြောတာကို ဒေါသထွက်သွားပုံရတယ်။"ဒါက ခင်ဗျားအတွက် တရားလွန်လွန်းတယ်!"
"ဘာဖြစ်လဲ? ကိုယ်ပျော်နေတာပဲလေ!"
ပိုင်ကျန်း: ! ! !
ပိုင်ကျန်းကတော့ အသည်းတွေကွဲကြေသွားရပြီ။
သူက ရှန်ချင်းရှုကို မနာလိုမုန်းတီးမှုတွေနဲ့စိုက်ကြည့်မိတယ်။
သူတို့တွေက ရွယ်တူတွေဖြစ်သလို အနုပညာလောကထဲမှာ လူသစ်တွေဖြစ်တာလည်းအတူတူပဲ။ ရှန်ချင်းရှုက စတင်ပြီး အောင်မြင်ကျော်ကြားလာပေမဲ့ သူကတော့ နာမည်မရှိတဲ့မင်းသားအဖြစ်ရှိနေဆဲ။
ဇာတ်ညွှန်းတစ်ခုတည်းမှာ ပါဝင်ခဲ့ကြပေမဲ့ ရှန်ချင်းရှုက ဒုတိယဇာတ်လိုက်ဖြစ်နေချိန်မှာ သူကတော့ ဆယ်မိနစ်တောင် မျက်နှာမပြခဲ့ရတဲ့ အရံဇာတ်ကောင်လေးကိုပဲ သရုပ်ဆောင်ခဲ့ရတယ်။
တကယ်တမ်းဆို သူက ရှန်ချင်းရှုထက်ဆိုးရွားနေတာမှ မဟုတ်တာ။ သူဘာလို့ ဒုတိယဇာတ်လိုက်နေရာကို လူရွေးပွဲမအောင်ခဲ့ရတာလဲ?သူက လုံလောက်အောင် မအောင်မြင်သေးလို့လား? သူက ရှန်ချင်းရှုလောက်မချောလို့လား?
ဟန်ချောင်ရောပဲ။ ပထမတုန်းကတော့ သူ့အပေါ် အများကြီး ကြင်နာပေးခဲ့ပြီး သူတို့ အကြိမ်ရေတွေအများကြီးတွေ့ဆုံခဲ့ကာ သူနဲ့ကံကြမ္မာခြင်း ရောယှက်နေသယောင်ထင်ရတယ်။ အခုတော့ ရှန်ချင်းရှုရဲ့သွေးခွဲမှုတွေကြောင့် သူဆီကနေ ပိုပိုပြီးဝေးကွာသွားရပြီ။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Фэнтези_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer