Zawgyi
ထပ်ပြီးနမ်းပေးမှရမယ်
ရှန်ချင်းရှုလက်ကိုဆန့်ထုတ်ပြီး ကတ်ကိုယူဖို့ကြိုးစားလိုက်ပေမယ့် ဟန်ချောင်က ထိုကတ်ကိုပိုမိုလျှင်မြန်စွာဆွဲယူသွားပြီး အိတ်ကပ်ထဲသို့ထိုးထည့်လိုက်တယ်။
ဒီတစ်ခါတော့ ရှန်ချင်းရှုတကယ်ကြီးဒေါသထွက်နေပြီ။
"ဟန်ချောင်!""ဒီလိပ်စာကတ်က ကိုယ့်ကိုပေးထားတာလေ"
ဟန်ချောင်က နည်းလမ်းကျသလိုပြောလာတယ်။"ဒါကို ကိုယ်ဘာပဲလုပ်ချင်ချင် လုပ်လို့ရတယ်"
ရှန်ချင်းရှု:....
ရှန်ချင်းရှု ထိုအမျိုးသားကိုစကားထပ်မပြောချင်တော့ဘူး။
သူ့ခုံမှာပြန်ထိုင်ပြီး အရက်ကိုပဲပြန်သောက်တော့တယ်။
ယန်ကျားယွီကပြုံးပြီး အကြံဝင်ပေးလာလေတယ်။
"ရှောင်ချောင် ဒါကမင်းရဲ့အမှားပဲ လိပ်စာကတ်လေးတစ်ခုပဲဟာကို ဘာလို့ဒီလောက်တောင်ဂရုစိုက်နေရတာလဲ"
"ဒါငါတို့ကြားကကိစ္စပါ မင်းဝင်ပြီးစိတ်ပူပေးနေစရာမလိုဘူး"
ဟန်ချောင် အေးစက်တဲ့လေသံနဲ့သတိပေးလိုက်တယ်။"ငါလည်းမင်းကိုစိတ်ပူလို့ပါ မင်းက ရှန်တိတိကို မင်းနဲ့တန်းတူမဆက်ဆံပေးဘူးလေ ရှန်တိတိသာ ဒေါသမထွက်ဘူးဆိုရင်ပိုထူးဆန်းနေမှာပေါ့!"
ရှန်ချင်းရှုကတော့ အခွင့်အရေးကိုလက်လွှတ်လိုက်ရတဲ့အတွက် အစကတည်းကမကျေမနပ်ဖြစ်နေခဲ့တာ ။ အခုချိန်မှာ ယန်ကျားယွီရဲ့သူတော်ကောင်းယောင်ဆောင်တဲ့စကားတွေကိုပါထပ်ကြားလိုက်ရတယ်။ မူလကတော့ ထိုသူ့ကိုရှင်းလင်းဖို့အတွက်ပျင်းရိနေခဲ့တာဆိုပေမယ့် ဘာလို့အဲဒီတစ်ယောက်က အခွင့်အရေးရတိုင်း လူတွေကိုစိတ်အနှောင့်အယှက်ပေးဖို့ ခုန်ပေါက်ပြနေရတာလဲ။
"သူက ကျွန်တော့်ကိုတန်းတူမဆက်ဆံပေးနိုင်ဘူး ဟုတ်လား? သူက ကျွန်တော့်ကိုလိုက်ခဲ့တဲ့လူလေ သေချာပေါ့ကျွန်တော့်ကိုဖမ်းဆုတ်ပြီး မျှမျှတတဆက်ဆံပေးခဲ့တာပေါ့"
ရှန်ချင်းရှုဝင်ပြောလိုက်တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer