(66.1)မင်းတို့ရဲ့ ဆက်ဆံရေးက ကောင်းသားပဲ

3.5K 644 10
                                    

Unicode

မင်းတို့ရဲ့ဆက်ဆံရေးက ကောင်းသားပဲ .. ဒါမှမဟုတ် အဲဒါက ငါအတွက်ပဲလား

ဟန်ချောင်တစ်ယောက် မွန်းလွဲပြီးလို့ ထွက်သွားရမယ့်အချိန်မှာတောင် ချီတုံချတုံဖြစ်နေတုန်းပဲ။

ရှန်ချင်းရှုက ထိုအမျိုးသားကို ဓာတ်လှေကားဝင်ပေါက်သို့ လိုက်ပို့ပြီး ထိုသူအထဲသို့ဝင်သွားတာကိုစောင့်ကြည့်ကာ လက်ကိုဝှေ့ရမ်းပြလိုက်တယ်။

"လမ်းမှာဂရုစိုက်ဦးနော်"

"အမ်"

"မြန်မြန်လေးပြန်ခဲ့နော်"

"သိပါတယ် မင်းအဲဒါကို ခဏခဏပြောနေတာ"

ရှန်ချင်းရှု အပြုံးလေးနဲ့ လက်ကိုပြန်ချလိုက်တယ်။ သူ့ရဲ့မျက်ဝန်းတွေထဲမှာတော့ စိတ်ခံစားချက်တွေအပြည့်ပဲ။

ဟန်ချောင်က နဂိုကတည်းကတွန့်ဆုတ်နေခဲ့တာလေ။ လက်ရှိ ထိုလူငယ်လေးရဲ့ အမူအယာလေးကိုမြင်တော့ ပိုပြီးစိတ်ထိခိုက်လာရတယ်။
"ဒီကိုလာ"

ရှန်ချင်းရှု သိချင်စိတ်နဲ့အနားကိုကပ်လာခဲ့တယ်။

ဟန်ချောင် သူ့ရဲ့လက်ကို ဆွဲကာ လက်မောင်းတွေကြားထဲကို ပွေ့ဖက်လိုက်တယ်။

"ကောင်းပြီ အိမ်ကိုပြန်လိုက်တော့ ..မဟုတ်ရင်  ကိုယ် မင်းကိုတစ်ခုခုလုပ်မိတော့မှာ"

ရှန်ချင်းရှု သူ့ကိုပွေ့ဖက်လိုက်ပြီးမှ လက်ကိုဖြည်းညှင်းစွာပြန်လွှတ်ပေးလိုက်တယ်။

"ဒါဆို ကျွန်တော်သွားတော့မယ်"

"ပြန်တော့"

သူ ဓာတ်လှေကားထဲက ပြန်ထွက်လိုက်ပြီး ဓာတ်လှေကားတံခါးက သူနဲ့ဟန်ချောင်တို့ကြားကနေ တဖြည်းဖြည်းပိတ်သွားတာကို ကြည့်နေမိတယ်။

ရှန်ချင်းရှု ဓာတ်လှေကားအပေါက်ဝရှေ့မှာ နှစ်စက္ကန့်လောက်ရပ်နေပြီးမှ အိမ်ဘက်ကိုပြန်လှည့်လိုက်တယ်။

ညနေ(၂)နာရီခန့်ရှိလောက်မှာတော့ ဟန်ချောင် ကုမ္ပဏီကိုရောက်လာခဲ့တယ်။ သူရုံးခန်းထဲကို ဝင်ဝင်ချင်းမှာပဲ အတွင်းရေးမှူးဖြစ်သူက တံခါးကိုခေါက်ပြီး သတင်းပို့လာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now