(99.2)ကျွန်တော့်ကိုအရင်လိုက်လေ &မင်းကသာ တစ်ယောက်တည်းသောသူပဲ

2.5K 472 75
                                    

Unicode

ဟန်ချောင် တစ်ဖက်လူငယ်လေး နေ့လည်ဘက်အချိန်မှာ လုံလောက်အောင်မနားရမှာစိုးရိမ်တဲ့အတွက် အဝေးကိုမသွားတော့ဘဲ ရိုက်ကူးရေးအဖွဲ့မှစီစဥ်ပေးတဲ့ဟိုတယ်ကိုပဲ တိုက်ရိုက်မောင်းလိုက်တယ်။

သူတို့တွေ ဟိုတယ်စားသောက်ဆိုင်ဆီကိုပဲ သွားခဲ့ကြတယ်။သူတို့ထိုင်ကာ အစားအသောက်မှာခါနီးမှာပဲ ပိုင်ကျန်းဝင်လာတာကိုမြင်လိုက်ရလေတယ်။

ရှန်ချင်းရှု : သေစမ်း

ပိုင်ကျန်းကတော့ ဟန်ချောင်ကိုမြင်လိုက်ရတာကြောင့် ပျော်ရွှင်သွားခဲ့တယ်။ သူ ဟန်ချောင်ကိုကြည့်ကာ ရှန်ချင်းရှု မတိုင်ခင်ကပြောခဲ့တာကို ပြန်တွေးလိုက်တယ်။ သူ အနားကနေဖြတ်သွားချိန်မှာ ဟန်ချောင်ဆီသို့ ရည်ရွယ်ချက်ရှိစွာဖြင့် နှုတ်ဆက်လိုက်တယ်

ဟန်ချောင်က သူနဲ့စကားပြောချင်စိတ်မရှိခဲ့ဘူး။ ယဥ်ကျေးမှုအရ ပြန်ဖြေဖို့ လုပ်လိုက်ပေမဲ့ သူမပြောလိုက်နိုင်ခင်မှာပဲ ရှန်ချင်းရှုရဲ့အေးစက်လှတဲ့အသံကိုကြားလိုက်ရတယ်။

"မင်း ကန်းနေတာလား.. ငါလည်းဒီမှာထိုင်နေတာကို မမြင်ရဘူးလား.. ဘာလို့ငါ့ကို မနှုတ်ဆက်တာလဲ"

သူ့ရဲ့စကားတွေက ကြားလို့ကောင်းမွန်မနေခဲ့သလို သူ့ရဲ့လေသံကလည်း ယဥ်ကျေးမှုရှိမနေခဲ့ဘူး။ ပိုင်ကျန်း သူ့ထံမှအပြောခံရပြီးနောက် အမူအယာက ချက်ချင်းပြောင်းလဲသွားတယ်။

ဟန်ချောင်လည်း မအံ့သြဘဲမနေနိုင်ဘူး။

"ငါက မင်းငါ့ကိုစကားမပြောချင်ဘူးလို့ထင်မိလို့ပါ ..ရှန်ကော ငါတောင်းပန်ပါတယ်"

ပိုင်ကျန်း လေသံတိုးတိုးနဲ့ပြောလာတယ်။

"မင်းထင်တာအမှန်ပဲ"
ရှန်ချင်းရှု သူ့ကိုကြည့်လိုက်ပြီး:

"ငါမင်းနဲ့ တကယ်စကားမပြောချင်ဘူး .. ထွက်သွားလိုက်တော့"

ပိုင်ကျန်း:...

ပိုင်ကျန်းတစ်ယောက် သူထိုသို့ပြောလာမယ်လို့ မထင်ခဲ့ဘူး။ လေးစားမှုနည်းနည်းမှမရှိသလို သူ့ကိုလည်း တက်နင်းနေခဲ့သေးတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now