Unicode
ရင်ခုန်သံ
ရှန်ချင်းရှု အဝတ်အစားတွေကိုလဲလိုက်ပြီးနောက် မီးဖိုခန်းထဲကိုပြန်ဝင်ပြီး ဟန်ချောင့်ကိုကူညီကာ ဟင်းလျာတွေကိုစားပွဲသို့ချပေးလိုက်တယ်။
မကြာခင်မှာပဲ ဟန်ချောင်တစ်ယောက် နောက်ဆုံးသောဟင်းပွဲကိုချက်ပြီးသွားခဲ့ပြီ။ ရှန်ချင်းရှုက ထမင်းနှစ်ပန်းကန်ကိုခူးခပ်လိုက်ပြီး မီးဖိုခန်းမှာ နှစ်ယောက်အတူထွက်လာခဲ့ကြတယ်။
"အမ် မဆိုးပါဘူး"
ဟန်ချောင် ဟင်းပွဲကို စားပွဲပေါ်မှာချလိုက်ပြီး ရှန်ချင်းရှုရဲ့ရှေ့မှာဝင်ထိုင်လိုက်တယ်။ရှန်ချင်းရှုကလည်း ခေါင်းညိတ်လိုက်ကာ သူ့ရဲ့ထိုင်ခုံမှာပဲ သဘာဝကျကျဝင်ထိုင်လိုက်တယ်။
သူ့အနေနဲ့ရိုက်ကူးရေးမှာ နှစ်လနီးပါးလောက်နေခဲ့ရတာကြောင့် ဒီရင်းနီးကျွမ်းဝင်တဲ့အခန်းမှလည်း နှစ်လနီးပါးလောက်ဝေးကွာနေခဲ့ရတာလေ။ ဒါကြောင့် ဒီအခိုက်အတန့်လေးက သူ့ကိုစိတ်လှုပ်ရှားစေသလိုပဲ။
သူဝိဉာဉ်ကူးပြောင်းလာခဲ့တဲ့အချိန်ကစပြီး ဟန်ချောင်ရဲ့အိမ်က သူအချိန်အကြာဆုံးနေခဲ့တဲ့နေရာပဲ။
ဒီနေရာမှာနေရတာ သူ့ကိုသက်သောင့်သက်သာဖြစ်စေပြီး ပျော်ရွှင်စေတယ်။ ဒီအိမ်လေးထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အမှတ်တရတွေအများကြီးဖြစ်ပွားခဲ့ပြီး သူနဲ့သက်ဆိုင်တဲ့အရာတွေကလည်း ဒီနေရာနဲ့ရုန်းထွက်လို့မရနိုင်လောက်အောင် ချိတ်ဆက်ထားပြီးပြီ။
ဒါကြောင့်လည်းပဲ ရိုက်ကူးရေးပြီးရင် ဟန်ချောင်ရဲ့အိမ်ကိုပြန်လာဖို့သဘောတူခဲ့တာ။
မူလတုန်းက သူရုပ်ရှင်ရိုက်ပြီးရင် အိမ်တစ်လုံးရှာဖို့စီစဉ်ထားခဲ့တာဖြစ်တယ်။
လက်ရှိမှာတောင်မှ သူကထိုအကြံအစည်ကို မှန်ကန်ပြီးဖြစ်သင့်တယ်လို့ထင်နေတုန်းပဲ။ သူ ဟန်ချောင်အိမ်မှာ အချိန်အကြာကြီးနေခဲ့တာက သူ့လက်ထဲမှာ ပိုက်ဆံမရှိခဲ့လို့ပဲလေ။ ဒါပေမယ့် အခု သူ့မှာအလုပ်ကနေ ဝင်ငွေလည်းရှိနေပြီဖြစ်တဲ့အတွက် ပြောင်းရွှေ့ပေးရမှာက သဘာဝပဲ။

YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer