(23.2)တစ်ယောက် Vs နှစ်ယောက်တိုက်ပွဲ... ချင်းချင်းနိုင်သွားပြီ!

7.7K 1.3K 59
                                    

Zawgyi

ဟန်ချောင်စိုက်ကြည့်လိုက်တော့ ရှန်ချင်းရှုတစ်ယောက် မျက်ဝန်းလေးတွေကွေးညွှတ်တဲ့အထိပြုံးနေတာကိုတွေ့လိုက်ရတယ်။ သူတမင်သက်သက် အဲလိုခေါ်လိုက်တယ်ဆိုတာရှင်းလင်းနေတာပဲ။

ခုလိုအချိန်မျိုးမှာ သူရှန်ချင်းရှုကိုသွားပြီးအမှန်ပြင်ပေးလို့မရဘူးဆိုတာသိသာနေတာပဲလေ။ သူ့အနေနဲ့ ရှန်ချင်းရှုနဲ့ပူးပေါင်းပြီး တစ်ဖက်လူကိုကြင်နာနွေးထွေးစွာကြည့်ကာ "အမ်"လို့တုံ့ပြန်လိုက်ရုံပဲတတ်နိုင်တယ်။

ယန်ကျားယွီ:!!!

သူက"အမ်"လို့ပြောရဲတယ်! သူတကယ်ကြီး"အမ်"လိုပြန်ပြောလိုက်တယ်!!!

"ဒီတော့ ခင်ဗျားထွက်သွားနိုင်မလား"
ရှန်ချင်းရှုသူ့ရဲ့တာဝန်ကို ဆက်ပြီးလုပ်ဆောင်လိုက်တယ်။

"ကျွန်တော်တို့ ကိုယ်ရေးကိုယ်တာလေးဆွေးနွေးစရာရှိလို့ .. အဲဒီစကားတွေက ခင်ဗျားနားထောင်ဖို့မသင့်တော်မှာကို စိုးရိမ်မိတယ်"

ဟန်ချောင်ကလည်း ခင်ပွန်းသည်ရဲ့စကားကိုမြေဝယ်မကျနားထောင်တဲ့ဇနီးအလှလေးတစ်ယောက်လို နောက်ကနေဝင်ပြောလေရဲ့။

"မင်းအရင်သွားနှင့်လိုက်လေ မင်းသာသူ့စကားကိုထပ်ပြီးလျစ်လျူရှုနေရင် သူလုံခြုံရေးတွေကိုလှမ်းခေါ်နေဦးမယ်"

ရှန်ချင်းရှု:..... အိုး သတိပေးလို့ကျေးဇူးပဲ

ယန်ကျားယွီက ရှန်ချင်းယွီအပေါ်ဦးတည်ခဲ့တဲ့ သူ့(ရှန်ချင်းရှု)ရဲ့ ဂရုဏာကင်းမဲ့တဲ့အမူအယာတွေကို ပြန်တွေးမိပြီး တစ်ဖက်လူက ထိုသို့ကိစ္စတွေကို တကယ်လုပ်နိုင်တယ်ဆိုတာ တွေးလိုက်မိတယ်။ သူ ဟန်ချောင်ကို ဒေါသတကြီးကြည့်လိုက်စဉ်မှာပဲ ရှန်ချင်းရှုက ဟန်ချောင်ရဲ့မျက်နှာကို သူ့(ရှန်ချင်းရှု)ဘက်သို့လှည့်လိုက်တာကိုမြင်လိုက်ရလေတယ်။

"ကျွန်တော့်ကိုကြည့်"
ရှန်ချင်းရှု တင်းမာတဲ့လေသံနဲ့ဆိုလိုက်ပြီး သူ့ရဲ့ခေါင်းကိုစောင်းပြီးပြုံးလိုက်တယ်။

သူ့ရဲ့အပြုအမူနဲ့တိုက်ခိုက်ခံနေရတဲ့ ဟန်ချောင်ကတော့ တစ်ဖက်လူကပြောမပြနိုင်လောက်အောင် ချစ်စရာကောင်းတယ်လို့တွေးနေလေရဲ့။ သူက လက်ကိုမြှောက်လိုက်ပြီး ထိုကောင်ငယ်လေးရဲ့ခေါင်းကိုပွတ်သပ်ပေးလိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now