(42.1)ဟန်ချောင်: မင်းက ကိုယ့်အတွက် အရေးပါဆုံးပေါင်ပေ့သေးသေးလေးလေ~

6.4K 1.1K 65
                                    

Zawgyi


ရှန်ချင်းရှု ရှောင်ချီရဲ့ပုံတွေကိုရိုက်နေတုန်းမှာပဲ အခန်းတံခါးခေါက်သံကြားလိုက်ရတယ်။ ဒါကြောင့် သူထပြီးတံခါးဖွင့်လိုက်တော့ ချင်းယင်ယန်နဲ့ ပိုင်ရွှယ်ကောရဲ့လက်ထောက်နှစ်ယောက်ဖြစ်နေလေတယ်။

လက်ထောက်တစ်ယောက်က အပူပေးလှောင်အိမ်လေးကို ကိုင်ထားပြီး နောက်တစ်ယောက်ကတော့ ဘူးကြီးတစ်ဗူးကိုသယ်,မထားလေတယ်။

ချင်းယင်ယန် သူ့ကိုကြည့်ပြီး ရှက်ရွံ့စွာပြောလာတယ်။

"ရှောင်ရှန် ငါမင်းဆီကအကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါ"

"ဘာကိစ္စများလဲ"

"ရွှယ်ကောနဲ့ ငါက ဒီရက်ပိုင်းအလုပ်တော်တော်လေးများနေတော့ ရှောင်ချီကိုဂရုမစိုက်နိုက်ဘူးဖြစ်နေတာ.. သူအိမ်ကနေသုံးကြိမ်တောင်ထွက်ပြေးပြီးသွားပြီလေ .. အဲဒါ .. တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် မင်းရှောင်ချီကိုရက်နည်းနည်းလောက်စောင့်ရှောက်ပေးနိုင်မလား? စိတ်မပူပါနဲ့ မင်းရှောင်ချီအတွက်ဘာမှလုပ်ပေးစရာမလိုပါဘူး ငါတို့မင်းကိုပိုက်ဆံလည်းပေးပါ့မယ် ပြီးတော့ ထမင်းလည်းလိုက်ကျွေးမယ်လေ .. အနာဂတ်မှာအကူအညီလိုအပ်လာရင်လည်း အချိန်မရွေးငါ့ကိုဆက်သွယ်လို့ရတယ် ငါကူညီနိုင်မယ့်ကိစ္စဆိုရင် မငြင်းဆန်ဘဲကူညီပေးပါ့မယ်"

ရှန်ချင်းရှုက သူ့ဆီမှ ထိုသို့သောအကူအညီကိုလိုအပ်လိမ့်မယ်လို့မထင်မှတ်ထားတဲ့အတွက် အနည်းငယ်လောက် ကိုးရိုးကားယားဖြစ်သွားရတယ်။
" ကျွန်တော် အိမ်မွေးတိရိစ္ဆာန်လေးတွေတစ်ခါမှမမွေးဖူးဘူး မြွေဆိုရင်တော့ ပြောမနေနဲ့တော့.. ဒါကြောင့် ကျွန်တော်ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့တော့ မထင်ဘူးနော်"

"ရှောင်ချီက ထိန်းရလွယ်ပါတယ် ငါ သူ့ရဲ့အနွေးအိမ်လေးရော အစားအစာနဲ့အရုပ်တွေကိုရော ယူလာခဲ့တယ် သူမကို တစ်ရက်လောက်အရင်စောင့်ရှောက်ကြည့်ပေးပါလား တစ်ရက်နေလို့မှအဆင်မပြေဘူးဆိုရင် မနက်ဖန်ကျရင်ငါ့ကိုပြောလေ ငါသူမကိုအဝေးကိုခေါ်သွားလိုက်မယ် အိုခေ?"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now