(51.2)ငါသူ့ကိုကြိုက်တဲ့အတွက် သူ့အပေါ်ကောင်းကောင်းဆက်ဆံပေးချင်တယ်

5.3K 943 51
                                    

Unicode

"သူဘာတစ်ခုမှပြောတာမဟုတ်ဘူး မင်းက လူတိုင်းကို မင်းရဲ့စိတ်နဲ့နှိုင်းပြီးထင်နေတော့တာပဲ.. လူတွေရဲ့နောက်ကွယ်မှာ ပုတ်ပွနေတဲ့ ပါးစပ်ဆိုးကြီးနဲ့ လိုက်ဖွနေပြီးတော့လေ"

ဟန်ချောင် အညှာအတာမဲ့စွာပြောလိုက်တယ်။

"ငါက ငါ့ရဲ့ကိုယ်ပိုင်စိတ်ကူးနဲ့ သူနဲ့ဝေးဝေးနေပေးဖို့ မင်းကိုလာပြောနေတာ ..ငါပြောလို့မရဘူးလား?"

"ဘာလို့လဲ ငါကမင်းတို့ရဲ့ခံစားချက်တွေကိုမွှေနှောက်လိုက်မှာကို စိုးရိမ်နေတာလား"

ဟန်ချောင် လှောင်ရယ်လိုက်မိတော့တယ်။

"မင်းတော်တော်ကြီးအတွေးလွန်နေပြီပဲ.. သူက ငတုံးတစ်ယောက်မဟုတ်ဘူး မင်းကဘယ်လိုလုပ်ပြီး သူ့ကိုသွေးခွဲစကားပြောလို့အောင်မြင်နိုင်မှာတဲ့လဲ? ငါကတော့ သူမင်းကိုမြင်နေရတာ မသတီမှာကိုပဲ စိုးရိမ်မိတာ.. မင်းက သန်းတစ်ကောင်လိုမျိုး ကူးလူးခုန်ပေါက်နေတာဆိုတော့လေ .. ဘယ်သူကများ မနှစ်မျို့စိတ်တွေမဖြစ်ဘဲနေနိုင်မှာလဲ"

ယန်ကျားယွီကတော့ မယုံကြည်နိုင်တော့ဘူး။

"ဟန်ချောင် မင်း အဲဒီလိုကောင်စားမျိုးအတွက်နဲ့ ငါ့ကိုဘယ်လိုများပြောရဲတာလဲ ! မင်းငါနဲ့သိတာဘယ်လောက်ကြာနေပြီလဲ ! မင်းသူ့ကိုသိတာကရော ဘယ်လောက်ကြာသေးလို့လဲ!"

" အဲဒါတွေက အခု မင်းဘယ်လောက်တောင်ရွံစရာကောင်းနေလဲဆိုတာ ညွှန်ပြနေတာပဲလေ ..ငါတို့ရဲ့ဆယ်နှစ်တာ သူငယ်ချင်းဆက်ဆံရေးကတောင် ဒါကိုမလွှမ်းမိုးနိုင်တော့ဘူး .. မင်းကို လူသားတစ်ယောက်လိုနေထိုင်ပြုမူဖို့ငါအကြံပေးချင်တယ် ..သိပ်ပြီးစိတ်ပျက်စရာကောင်းအောင်မလုပ်စမ်းနဲ့"

ယန်ကျားယွီအံကိုတင်းတင်ဖိကြိတ်လိုက်တယ်။

" မင်း ငါ့ရဲ့ခံစားချက်တွေကို လုံးဝထည့်မတွက်တော့ဘူးလား"

"မင်း ငါ့အကိုကိုဖျားယောင်းမြူဆွယ်ပြီး တစ်ချိန်တည်းမှာ ငါ့ကိုအသုံးချဖို့ကြိုးစားနေတုန်းကရော ငါ့ရဲ့ခံစားချက်တွေကို ထည့်စဉ်းစားခဲ့ဖူးလို့လား"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now