53.ခင်ဗျားကလေ.. ကမ္ဘာပေါ်မှာ ကျွန်တော့်အပေါ်အကောင်းဆုံးလူသားလေးပါပဲ

4.2K 790 2
                                    

Unicode

ခင်ဗျားကလေ.. ကမ္ဘာပေါ်မှာ ကျွန်တော့်အပေါ်အကောင်းဆုံးလူသားလေးပါပဲ

"ဟားဟားဟား"
ကျိုးကျားမင် သူ့ညီအကိုကောင်းရဲ့သေဆုံးခါနီးဖြစ်နေတဲ့မျက်နှာအမူအယာကြောင့် အတောမသတ်နိုင်အောင် အော်ရယ်မိတော့တယ်။

"မင်းက မင်းကိုယ်မင်း ဘဲသေကောင်မဟုတ်ဘူးလို့ ပြောလိုက်သေးတယ်"

ဝူယန်းကတော့ အတော်ကြီးစိတ်ကျေနပ်နေလေရဲ့။
"ငါသိသားပဲ လောင်ဟန် မင်းကအမှိုက်ကောင်မဟုတ်ခဲ့ဘူးပဲကွ!"

ယင်မင်ယောင်ကတော့ နူးညံ့စွာပဲထိုးနှက်တယ်:
"အိုးဟို~"

ဟန်ချောင်:....

ဟန်ချောင် ရှောင်တိမ်းပြီး ထွက်သွားမိတော့တယ်။

ဒါပေမယ့် ကျိုးကျားမင်နဲ့တခြားနှစ်ယောက်ကတော့ ချက်ချင်းပဲသူ့ကို ဝန်းရံဖမ်းချုပ်လိုက်လေရဲ့။

"မင်းဘာဝယ်ခဲ့လဲဆိုတာ ငါတို့ကိုပြစမ်းပါဦး"

"ဒါက တကယ်တော့ ငါ့အဖေက အမေ့ကိုပေးမယ့်ဟာ..သူငါ့ကိုဝယ်ခိုင်းထားတာ"
ဟန်ချောင် အလျှော့မပေးသေးဘဲ ငြင်းဆန်လိုက်ပြန်တယ်။

"အန်ကယ်က အန်တီ့အတွက်ဘာတွေဝယ်ပေးတာလဲ ငါတို့လည်းအတွေ့အကြုံတွေသင်ယူလို့ရအောင်ပြဦးလေကွာ"
ကျိုးကျားမင်ကလည်း ဇွဲကောင်းဆဲပဲ။

ဟန်ချောင်:... မင်းကမှ ပါးစပ်ဆိုးတွေရှိတဲ့လူပဲကွ! ပြောတာတွေ အရမ်းများနေပြီနော်! ပုံမှန်အချိန်တွေမှာ မင်းဒီလောက်ထိစကားများတတ်တာကို ငါမမြင်ဖူးပါဘူး!

" မင်းတို့ ဘာလို့ဒီမှာရှိနေရတာလဲ"
ဟန်ချောင် စကားလမ်းကြောင်းဦးတည်ရာကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်တယ်။

မင်းတို့ကောင်တွေ လာနောက်နေကြတာလားကွ!

"လောင်ဟန်က ငါတို့ကို မင်းပြန်လာလိမ့်မယ်ဆိုပြီးလောင်းတယ်လေ ငါလည်းမယုံတော့ မင်းဒီကိုပြန်လာမလားဆိုတာ အတူတူလာကြည့်ကြတာ"
ဝူယန်းကပွင့်လင်းစွာပြန်ဖြေတယ်။

"မမျှော်လင့်ပဲ မင်းကတကယ်ကြီးပြန်လာတယ်လေ"
ယင်မင်ယောင်က ဝင်ပြောတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now