T/n_ ဒီအပိုင်းက coffeeဝယ်တိုက်တဲ့ စာဖတ်သူလေး SanthidaStd အတွက်လက်ဆောင်ပါ(๑•ᴗ•๑)♡
Unicode
မင်းက ကိုယ့်ကို ချစ်မိသွားစေချင်နေတာလား
ရှန်ချင်းရှုနဲ့ဟန်ချောင်တို့ ဟိုတယ်ကိုပြန်ရောက်တော့ စားသောက်ဆိုင်ကိုသွားပြီး အစားအသောက်တွေမှာယူလိုက်တယ်။
ဟန်ချောင် အစားအသောက်တွေ မှာနေချိန်မှာ ရှန်ချင်းရှု မျက်ဝန်းထောင့်ကနေ ပိုင်ကျန်း ဆိုင်ထဲသို့ဝင်လာတာကို သတိပြုမိသွားတယ်။ သူက တစ်ယောက်တည်းလှည့်ပတ်ကြည့်နေခဲ့ပြီး ရှန်ချင်းရှုရဲ့အကြည့်ကို ပြန်လည်သတိပြုမိသွားခဲ့လေရဲ့။ ထို့နောက်မှာည အရှေ့ကိုနှစ်လှမ်းခန့် လျှောက်လာခဲ့ပြီးမှ တစ်စုံတစ်ခုကို ပြန်တွေးမိသွားဟန်ဖြင့် ခြေလှမ်းကိုပြန်ရုတ်ကာ တခြားဘက်ကိုလှည့်ထွက်သွားခဲ့တယ်။
ရှန်ချင်းရှု သူတို့နဲ့မဝေးတဲ့နေရာမှာထိုင်နေတဲ့ ပိုင်ကျန်းကိုကြည့်ပြီး ဟန်ချောင်ကိုအသာပုတ်ကာ ပိုင်ကျန်းရှိရာဘက်ကိုလှမ်းပြလိုက်တယ်။
" သူတစ်ယောက်တည်းထိုင်နေတာ"
"အဲတော့?"
"ညစာအတူစားရအောင်လေ"
ရှန်ချင်းရှု အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။"တစ်ယောက်တည်းစားရတာ ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ"
"တခြားတစ်ယောက်က အထီးကျန်နေတာကို မင်းဘယ်လိုလုပ်ပြီးသိတာလဲ"
"သူက ဒီဘက်ကိုလာချင်ခဲ့သေးတယ် ဒါပေမယ့် မဖိတ်ခေါ်လောက်ဘူးလို့ထင်လို့နေမှာ ပြန်လှည့်သွားခဲ့တာ"
ဟန်ချောင် ခပ်ဟဟရယ်မောလိုက်တယ်။
"တကယ်လို့ သူသာ အတူစားချင်တယ်ဆိုရင် သူ့ဘက်ကလာပြီးတောင်းဆိုသင့်တာပေါ့ .. ကိုယ်တို့က သွားပြီး ဖိတ်ခေါ်စရာမလိုဘူး"ကံမကောင်းစွာနဲ့ ပိုင်ကျန်းက ထိုသို့သောဇာတ်ကောင်မျိုးမဟုတ်ဘူးလေ။သူက သူ့ရဲ့ပါးစပ်ကိုဖွင့်လာမှာမဟုတ်ဘဲ ခင်ဗျားကသာ ခန့်မှန်းပြီး သူလိုချင်တာကိုပေးရမယ့်သူပဲ။
"အိုး ဘယ်သူကဘဲ စလုပ်လုပ် အဖြေကတစ်ခုတည်းပဲလေ.. ကျွန်တော် သူ့ကိုခေါ်လိုက်မယ်"
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
خيال (فانتازيا)Author(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်