128. သူ ရှန်ချင်းရှုကို ဒုက္ခတွေ့ဖို့ ခွင့်ပြုမှာမဟုတ်ဘူး
"မဟုတ်ဘူး"
ရှန်ချင်းယွီ လက်မခံနိုင်ဘူး။
"ပါး.. ပါး ဒီလိုလုပ်လို့မရဘူး .. ကျွန်တော့်မှာ ဆွေမျိုးဆိုလို့ ပါးနဲ့မားနှစ်ယောက်တည်းပဲရှိတာ!"
သူ လှည့်ပတ်ကြည့်လိုက်တော့ အပေါ်ထပ်ထောင့်နားလေးမှာ မားမားရှန်ရဲ့အရိပ်ထင်နေတာကို မြင်လိုက်ရတယ်။
သူ ဝမ်းနည်းစွာနဲ့ တောင်းဆိုလိုက်တယ်။
"မား.. မား.. မား.. မားကတော့ ကျွန်တော့်ကို စွန့်ပစ်မှာမဟုတ်ဘူးမလားဟင်.. မား.. ကျေးဇူးပြုပြီး ပါးကိုဖျောင်းဖျပေးပါဦး.. ကျေးဇူးပြုပြီး သူ့ကိုဖျောင်းဖျပေးပါ!"
ရှန်မားမား သူ့ကိုမျက်ရည်တွေနဲ့ကြည့်လိုက်ပြီး ဘာမှမပြောဘဲလှည့်ထွက်သွားခဲ့တယ်။
ရှန်ချင်းယွီ ထရပ်ကာ သူမနောက်ကို အလျှင်အမြန်ပြေးသွားလိုက်တယ်။
"မား .. မား.. ကျေးဇူးပြုပြီး သူ့ကိုဖျောင်းဖျပေးပါ.. ကျွန်တော်က မားရဲ့သားလေ.. ကျွန်တော်တို့သုံးယောက်က စစ်မှန်တဲ့မိသားစုတွေ မဟုတ်ဘူးလား.. ကျွန်တော်တို့က နှစ်နှစ်ဆယ်ကျော်လောက် အတူနေခဲ့ကြတာလေ.. ကျွန်တော်တို့ကို ခွဲလို့မရဘူး!"
"တော်လောက်ပြီ!"
ရှန်ပါးပါး နောက်ကလိုက်ပြီး ရှန်ချင်းယွီကိုဆွဲလိုက်တယ်။"ကြောင်သူတော်ဆန်တဲ့ စကားတွေကို ဆက်မပြောနဲ့တော့.. အခုထွက်သွားလိုက်.. ငါမင်းကို နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့ချင်ဘူး!"
ပြောပြီးနောက် ဆွဲထားတဲ့လက်ကို လွှတ်ကာ အပေါ်ကိုတက်သွားခဲ့တယ်။
ရှန်ချင်းယွီ သူ့ရဲ့အမေဖြစ်သူကို ဝမ်းနည်းစွာကြည့်တုန်းမှာ ရှန်မားမား သက်ပြင်းချကာပြောလာတယ်။
"မင်းရဲ့ပစ္စည်းတွေကို ထုတ်ပိုးလိုက်တော့"
"မင်း သန့်ရှင်းပြီးသွားပြီဆိုရင် ပြန်မလာခဲ့နဲ့တော့"
"ဘာလို့လဲ"
ရှန်ချင်းယွီ မယုံကြည်နိုင်ဘူး။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
FantasyAuthor(s) Lin Ang Si 林盎司 213 Chapters + 59 Extra (complete) This story isn't mine. Just a fan translation. Start _ 28.6.2022 English nameက copy rightမိမှာစိုးလို့ဖျက်ထားတယ်နော် သိချင်ရင် message မှာလာမေးလို့ရပါတယ်