61.တာ့ကောနဲ့ ချင်းချင်းတို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှု..

4.9K 853 44
                                    

Unicode

တာ့ကောနဲ့ ချင်းချင်းတို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှု၊ အတူနေဘဝကတော့ ဖော်ထုတ်ခံလိုက်ရပြီ

ရှန်ချင်းရှု ထိုအမြီးကိုတက်နင်းခံလိုက်ရတဲ့ကြောင်တစ်ကောင်လိုဖြစ်သွားတဲ့ ဟန်ချောင်ကို သံသယဖြစ်စွာကြည့်လိုက်မိကာသူတို့ထံသို့ လျှောက်လှမ်းလာတဲ့အမျိုးသားကို စပ်စုချင်စိတ်အပြည့်နဲ့ပြန်ကြည့်လိုက်မိပြန်တယ်။

ထိုအမျိုးသားရဲ့မျက်ခုံးတွေ၊ မျက်လုံးတွေက ဟန်ချောင်နဲ့ဆင်တူပြီး ထိုသူက ဟန်ချောင်ကိုသိနေတယ်ဆိုတာလည်း အသေအချာပဲ။ သူတို့က ဆွေမျိုးတွေများလား?

ရှန်ချင်းရှု ထိုအတွေးကြောင့်ပိုပြီး သိချင်စိတ်တွေ များလာပြန်တယ်။

ဟန်ယွီကတော့ သူစူပါမားကတ်အနီးကနေ ဖြတ်သွားရင်းနဲ့ လမ်းကြုံခိုက်မှာ တစ်စုံတစ်ခုဝင်ဝယ်တဲ့အချိန် ဒီလိုမျိုးကောင်းမွန်တဲ့ရှိုးပွဲမျိုးကိုမြင်တွေ့ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး!

သူ့ရဲ့ညီငယ်လေးက တကယ်ကြီးကိုအံ့သြစရာကောင်းလွန်းတယ်။ သူ ဘာလို့ ဒီညီငယ်လေးရဲ့ပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်တွေကို မသိခဲ့ရတာလဲ? အခုတော့ သူ့ကိုအနုပညာကျောင်းကို ပို့နိုင်မယ့် အခွင့်အရေးကြီးကို လက်လွတ်ခဲ့ရပြီလေ!

သူကတော့ တကယ်ကြီးကိုနောင်တရနေပြီနော်။ အနုပညာအသိုင်းအဝိုင်းကြီးကတော့ ဒီလိုမျိုးထိပ်တန်းမင်းသားတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီပဲ။

"စျေးလာဝယ်တာလား"
ဟန်ယွီ အပြုံးတစ်ခုနဲ့မေးလိုက်တယ်။

ဟန်ချောင်ရဲ့ ပြန်လည်တုံ့ပြန်လိုက်တဲ့ "အမ်"ဆိုတဲ့လေသံကတော့ တော်တော်ကြီးကိုဆိုးရွားနေခဲ့လေရဲ့။

"ကော ဘာလို့ဒီမှာရှိနေရတာလဲ"

"ငါလည်း ဝယ်စရာလေးတွေရှိလို့လေ"
ဟန်ယွီ သူ့လက်ထဲကစျေးဝယ်ခြင်းကိုမြှောက်ပြလိုက်တယ်။

"ငါတို့တွေ အတူတူသွားကြမလား"

ဘယ်သူက မင်းနဲ့အတူသွားချင်နေလို့လဲ!

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now